ေက်ာဘက္ကင္မရာႏွစ္ခု၊ 19:9 Display နဲ႔ AI Face Unlock ပါဝင္တဲ့ Xiaomi Redmi 6 Pro

[ Zawgyi ]

Xiaomi ဟာ Redmi 6 Pro စမတ္ဖုန္းသစ္ကို ဇြန္လ ၂၄ ရက္ (တနဂၤေႏြေန႔) က တ႐ုတ္ႏိုင္ငံမွာ တရားဝင္ မိတ္ဆက္ေၾကညာ ခဲ့ပါတယ္။

Redmi 6 Pro မွာ ၅.၈၄ လက္မ 19:8 display နဲ႔ ေက်ာဘက္ကင္မရာႏွစ္ခု အျပင္ octa-core Snapdragon 625 SoC, 4000mAh ဘက္ထရီနဲ႔ microSD card slot တစ္ခု ပါဝင္လာပါတယ္။ ဒါ့အျပင္ AI face unlock, beautification, portrait နဲ႔ voice assistant feature ေတြကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

Redmi 6 Pro ရဲ႕ display မွာ iPhone X ပံုစံ notch တစ္ခု ပါဝင္လာပါတယ္။ ဒါဟာ notch ပါဝင္တဲ့ ကုမၸဏီရဲ႕ ပထမဆံုး Redmi စမတ္ဖုန္းျဖစ္ေပမယ့္ က်န္တဲ့ဒီဇိုင္းပိုင္းကေတာ့ Redmi Note 5 Pro နဲ႔ အလြန္ဆင္တူပါတယ္။

Dual-SIM (Nano) Xiaomi Redmi 6 Pro မွာ Android အေျခခံ MIUI 9 ကို အသံုးျပဳထားပါတယ္။ Display က ၅.၈၄ လက္မ full HD+ (1080 x 2280 pixels) display ျဖစ္ပါတယ္။ 2GHz octa-core Snapdragon 625 SoC နဲ႔ Adreno 506 GPU ကို အသံုးျပဳထားၿပီး RAM ကို 3GB နဲ႔ 4GB ဆိုၿပီးရရိွႏိုင္ပါတယ္။

Redmi 6 Pro ရဲ႕ေက်ာဘက္မွာ ကင္မရာႏွစ္ခု ပါဝင္ပါတယ္။ ပင္မကင္မရာက 12-megapixel f/2.2 ကင္မရာျဖစ္ၿပီး PDAF နဲ႔ LED flash တို႔နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ ဒုတိယကင္မရာက 5-megapixel ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာက 5-megapixel ျဖစ္ၿပီး AI Portrait mode နဲ႔ HDR တို႔ကို ေထာက္ပံ့ေပးထားပါတယ္။

သိုေလွာင္မႈပမာဏကို 32GB နဲ႔ 64GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ MicroSD card ကေနတစ္ဆင့္ သိုေလွာင္မႈပမာဏ တိုးျမွင့္ႏိုင္ပါတယ္။ ခ်ိတ္ဆက္မႈပိုင္းအေနနဲ႔ 4G VoLTE, Wi-Fi 802.11a/g/b/n (dual-band 2.4GHz, 5GHz), Bluetooth v4.2, GPS/ A-GPS, Micro-USB နဲ႔ 3.5mm နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။ ဘက္ထရီက 4,000mAh ျဖစ္ပါတယ္။

Xiaomi Redmi 6 Pro ရဲ႕တန္ဖိုးက 3GB/32GB ေမာ္ဒယ္အတြက္ ၁၅၃ ေဒၚလာျဖစ္ပါတယ္။ 4GB/32GB အတြက္က ၁၈၄ ေဒၚလာျဖစ္ပါတယ္။ 4GB/64GB အတြက္ကေတာ့ ေဒၚလာ ၂၀၀ က်သင့္မွာျဖစ္ပါတယ္။ အေရာင္ေတြအေနနဲ႔ အနက္ေရာင္၊ အျပာေရာင္၊ ေရႊေရာင္၊ ပန္းေရာင္နဲ႔ အနီေရာင္ဆိုၿပီး ရရိွႏိုင္ပါတယ္။

-ေနာင္ေနာင္
Ref: NDTV

[ Unicode ]

Xiaomi ဟာ Redmi 6 Pro စမတ်ဖုန်းသစ်ကို ဇွန်လ ၂၄ ရက် (တနင်္ဂနွေနေ့) က တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်ကြေညာ ခဲ့ပါတယ်။

Redmi 6 Pro မှာ ၅.၈၄ လက်မ 19:8 display နဲ့ ကျောဘက်ကင်မရာနှစ်ခု အပြင် octa-core Snapdragon 625 SoC, 4000mAh ဘက်ထရီနဲ့ microSD card slot တစ်ခု ပါဝင်လာပါတယ်။ ဒါ့အပြင် AI face unlock, beautification, portrait နဲ့ voice assistant feature တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Redmi 6 Pro ရဲ့ display မှာ iPhone X ပုံစံ notch တစ်ခု ပါဝင်လာပါတယ်။ ဒါဟာ notch ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး Redmi စမတ်ဖုန်းဖြစ်ပေမယ့် ကျန်တဲ့ဒီဇိုင်းပိုင်းကတော့ Redmi Note 5 Pro နဲ့ အလွန်ဆင်တူပါတယ်။

Dual-SIM (Nano) Xiaomi Redmi 6 Pro မှာ Android အခြေခံ MIUI 9 ကို အသုံးပြုထားပါတယ်။ Display က ၅.၈၄ လက်မ full HD+ (1080 x 2280 pixels) display ဖြစ်ပါတယ်။ 2GHz octa-core Snapdragon 625 SoC နဲ့ Adreno 506 GPU ကို အသုံးပြုထားပြီး RAM ကို 3GB နဲ့ 4GB ဆိုပြီးရရှိနိုင်ပါတယ်။

Redmi 6 Pro ရဲ့ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ပင်မကင်မရာက 12-megapixel f/2.2 ကင်မရာဖြစ်ပြီး PDAF နဲ့ LED flash တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒုတိယကင်မရာက 5-megapixel ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 5-megapixel ဖြစ်ပြီး AI Portrait mode နဲ့ HDR တို့ကို ထောက်ပံ့ပေးထားပါတယ်။

သိုလှောင်မှုပမာဏကို 32GB နဲ့ 64GB ဆိုပြီး ရရှိနိုင်ပါတယ်။ MicroSD card ကနေတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။ ချိတ်ဆက်မှုပိုင်းအနေနဲ့ 4G VoLTE, Wi-Fi 802.11a/g/b/n (dual-band 2.4GHz, 5GHz), Bluetooth v4.2, GPS/ A-GPS, Micro-USB နဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။

Xiaomi Redmi 6 Pro ရဲ့တန်ဖိုးက 3GB/32GB မော်ဒယ်အတွက် ၁၅၃ ဒေါ်လာဖြစ်ပါတယ်။ 4GB/32GB အတွက်က ၁၈၄ ဒေါ်လာဖြစ်ပါတယ်။ 4GB/64GB အတွက်ကတော့ ဒေါ်လာ ၂၀၀ ကျသင့်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ အနက်ရောင်၊ အပြာရောင်၊ ရွှေရောင်၊ ပန်းရောင်နဲ့ အနီရောင်ဆိုပြီး ရရှိနိုင်ပါတယ်။

-နောင်နောင်
Ref: NDTV