ကျောဘက်ကင်မရာနှစ်ခုနဲ့ Snapdragon 660 ပါဝင်တဲ့ Mi Note 3 ကို Xiaomi မိတ်ဆက်

Xiaomi ဟာ Mi MIX 2 နဲ့အတူ Mi Note 3 ကိုလည်း ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

Mi Note 3 မှာ Snapdragon 660 chipset ကို အသုံးပြုထားပြီး RAM က 6GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကိုတော့ 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပါတယ်။

ဒီစမတ်ဖုန်းသစ်ရဲ့ ကျောဘက်မှာ 12MP ကင်မရာနှစ်ခု ပါဝင်ပြီး ကင်မရာတစ်ခုက ပုံမှန်ဖြစ်ကာ ကျန်တစ်ခုက 2x telephoto ဖြစ်ပါတယ်။ ကျောဘက်ကင်မရာတွေက Portrait Mode နဲ့ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာက 16MP ဖြစ်ပြီး Adaptable AI Beautify ကို ထောက်ပံ့ပေးထားပါတယ်။

Xiaomi Mi Note 3 ရဲ့ဘက်ထရီက 3,500mAh ဖြစ်ပြီး Quick Charge 3.0 နဲ့ အသုံးပြုနိုင်ပါတယ်။

တန်ဖိုးက အနက်ရောင် 6GB + 64GB အတွက် ၂,၄၉၉ ယွမ် (၃၂၀ ယူရို)၊ အနက်ရောင် 6GB + 128GB အတွက် ၂,၈၉၉ ယွမ် (၃၇၀ ယူရို) နဲ့ အပြာရောင် 6GB + 128GB အတွက် ၂,၉၉၉ ယွမ် (၃၈၀ ယူရို) အသီးသီးကျသင့်မှာဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena