ကျောဘက်ကင်မရာနှစ်ခုနဲ့ 6GB RAM ပါဝင်တဲ့ Zero 5 စမတ်ဖုန်းကို Infinix မိတ်ဆက်

Zero 5 စမတ်ဖုန်းကို Infinix က ကမ္ဘာတစ်ဝန်းထံ မိတ်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယမှာတော့ ဒီဖုန်းကို နိုဝင်ဘာ ၂၂ ရက်ကစတင်ပြီး Flipkart ကနေ ရောင်းချသွားမှာဖြစ်ပါတယ်။

Zero 5 ကို သတ္တုစပ်ကိုယ်ထည်ဒီဇိုင်းနဲ့ ဖန်တီးထားပြီး ၅.၉၈ လက်မ 1920 x 1080 IPS display ကို Corning Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ အတွင်းပိုင်းမှာတော့ MediaTek Helio P25 MT6757 နဲ့ 6GB RAM ကို အသုံးပြုထားပြီး 64GB နဲ့ 128GB storage ကို ရွေးချယ်နိုင်ပါတယ်။

ကျောဘက်မှာ dual camera စနစ်ပါဝင်ပြီး ပင်မကင်မရာက 12MP f2.0 ဖြစ်ကာ ဒုတိယကင်မရာက 13MP f2.6 2x telephoto ဖြစ်ပါတယ်။ 2x optical zoom ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာက 16MP f2.0 ဖြစ်ပါတယ်။

Zero 5 မှာ Android 7.0 Nougat နဲ့ Infinix ရဲ့ XOS skin ကို အသုံးပြုထားပါတယ်။ အခြား feature တွေအနေနဲ့ fingerprint sensor, USB-C connector, dual SIM အထောက်အပံ့နဲ့ သီးခြား microSD slot တို့ ပါဝင်ပါတယ်။ ဘက်ထရီက 4350mAh ဖြစ်ပြီး fast charging ကို ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုးက 64GB Zero 5 အတွက် ၂၇၅ ဒေါ်လာဖြစ်ပြီး 128GB အတွက်က ၃၀၆ ဒေါ်လာဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena