ဩစတြေးလျ platform ပေါ်က သတင်းတွေကို ဖယ်ရှားမယ်လို့ Facebook ခြိမ်းခြောက်

ဩစတြေးလျဈေးကွက် ပြိုင်ဆိုင်မှုနဲ့ စားသုံးသူကော်မရှင် (ACCC) ဟာ ဩစတြေးလျ သတင်းထုတ်ဝေရေးတွေက ဂျာနယ်လစ်တွေအတွက် သင့်တော်တဲ့ ငွေပေးချေမှု ညှိနှိုင်းနိုင်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းဖို့ရှိပါတယ်။

အဲဒီ ဥပဒေကြမ်းကြောင့် Facebook နဲ့ ဩစတြေးလျ စည်းမျဉ်းထိန်းသိမ်းသူ အကြား သဘောထားကွဲလွဲမှု ရှိလာပါတယ်။ Facebook ရဲ့ ဩစတြေးလျ စီမံခန့်ခွဲရေးဒါရိုက်တာ ဝဲအီစတန်ကတော့ စည်းမျဉ်းတွေက အင်တာနက်အင်အားကို နားလည်မှု လွဲမှားနိုင်ကာ အစိုးရက ကာကွယ်ပေးဖို့ ကြိုးစားတဲ့ သတင်းအဖွဲ့အစည်းအပေါ် နစ်နာနိုင်တယ်လို့ ပြောထားပါတယ်။

Facebook အနေနဲ့ ဩစတြေးလျ သတင်းကုမ္ပဏီတွေအပေါ် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပါတယ်။ “ACCC က Facebook ဟာ ထုတ်ဝေသူနဲ့ ဆက်ဆံရေးကြောင့် အကျိုးအမြတ်များစွာ ရနေတယ်လို့ ထင်ထားပါတယ်။ တကယ်တော့ ပြောင်းပြန်ပါပဲ။ သတင်းတွေက News Feed မှာ လူတွေမြင်တွေ့ရတာနဲ့ ပတ်သက်ပြီး အစိတ်အပိုင်း အနည်းငယ်ဖြစ်ပြီး အဓိက ဝင်ငွေလမ်းကြောင်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သတင်းက လူအဖွဲ့အစည်းနဲ့ ဒီမိုကရေစီမှာ အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ကျွန်တော်တို့ အသိအမှတ်ပြုထားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က အခမဲ့ tool နဲ့ မီဒီယာကုမ္ပဏီတွေကို ကူညီဖို့ သင်တန်းတွေ ကမ်းလှမ်းမှုက ပရိသတ်တွေကို ပိုမိုကြီးထွားစေပါတယ်” လို့ ဝဲအီစတန်က ပြောထားပါတယ်။

စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««