
ဩစတြေးလျအစိုးရပညာသင်ဆု Australia Awards Scholarships 2022 အတွက် ဖေဖော်ဝါရီ ၁ ရက် မှ စတင်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့သိရပါတယ်။
AAS မှ နှစ်စဉ်နှစ်တိုင်းပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပြီး ဧပြီ ၃၀ ရက် နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး ဧပရယ် ၃၀ ရက် မှာ အသက် ၂၅နှစ် ပြည့်ပြီးသူ၊ လုပ်သက် ၂ နှစ်ရှိသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ ဘာသာရပ်ရွေးချယ်ရာမှာလည်း လုပ်ငန်းအတွေ့အကြုံနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်ရွေးချယ်လျှောက်ထားသူတွေကို ဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။
မြန်မာကျောင်းသားတွေ အနေနဲ့ Master တန်းအတွက် လျှောက်ထားနိုင်ပြီး လျှောက်ထားမယ့်သူတွေဟာ အင်္ဂလိပ်စာ လိုအပ်ချက်အနေနဲ့ IELTS သို့မဟုတ် TOEFL တို့မလိုအပ်ပါဘူး။ ဒါပေမဲ့ အင်တာဗျူးအတွက် Shortlist မှာရွေးချယ်ခြင်းခံရပါက အင်္ဂလိပ်စာကျွမ်းကျင်မှုအတွက် Score မရှိသေးသူတွေကို IELTS ဖြေဆိုဖို့ DFAT ရန်ပုံငွေမှ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ပညာသင်ဆုမှာ ခရီးစရိတ်၊ ကျူရှင်စရိတ်၊ နေထိုင်စရိတ်၊ ပညာသင်ကာလအတွင်း ကျန်းမာရေးအတွက် ကုန်ကျစရိတ်၊ ပညာရေးဆိုင်ရာ အထောက်အပံံတွေနဲ့ သုတေသနစရိတ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
အင်တာဗျူးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ မှာ ခေါ်ယူမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေကို ဩဂုတ်လမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကို https://bit.ly/3spCjn1 မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««