ဩစတြေးလျပညာသင်ဆု လျှောက်လွှာပိတ်ရက်တိုးမြှင့်

COVID-19 ရဲ့ ရေရှည်သက်ရောက်မှုကို ထောက်ရှုပြီး ဩစတြေးလျပညာသင်ဆု လျှောက်လွှာပိတ်မယ့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက် အထိ တိုးမြှင့်လိုက်ပါတယ်။

ပညာသင်ဆုကို ဩစတြေးလျမှာ ဘွဲ့လွန်ပညာ သင်ကြားလိုသူတွေ အတွက် ပေးအပ်တာဖြစ်ပြီး ၂၀၂၁ ပညာသင်နှစ်အတွက် လျှောက်လွှာတွေကို ဇွန် ၃၀ ရက် ည ၈ နာရီ ၂၉ မိနစ် မတိုင်ခင် လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေ ဟာ မြန်မာနိုင်ငံသား၊ လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်သူ၊ ဧပြီ ၃၀ ရက်မှာ အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ လုပ်သက် အတွေ့အကြုံ အနည်းဆုံး၂ နှစ်ရှိသူတွေ ဖြစ်ရပါမယ်။

လျှောက်လွှာတွေကို https://oasis.dfat.gov.au ကနေ လျှောက်ထားနိုင်ပြီး တစ်ကြိမ်သာ တင်ရမှာဖြစ်ပါတယ်။

-သန္တာ