ဩစတြေးလျပညာသင်ဆုအကြောင်း အွန်လိုင်းဟောပြောပွဲ ပြုလုပ်မည်

ဩစတြေးလျပညာသင်ဆု (မြန်မာ) အစီအစဉ်ကနေ အွန်လိုင်းမှတစ်ဆင့် ပညာသင်ဆုဆွေးနွေးပွဲတွေကို မေ ၁၅ ရက် နေ့လယ် ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ မေ ၁၇ ရက် နေ့လယ် ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ မေ ၂၂ ရက် နေ့လယ် ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း Zoom မှတစ်ဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ပညာသင်ဆုအကြောင်း အသေးစိတ်ဟောပြောမှုနဲ့အတူ မေးခွန်းတွေကိုဖြေကြားပေးမှာဖြစ်ပြီး တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ ဘယ်နေ့မှာ တက်ရောက်မယ် ဆိုတာကို inquiries@australiaawardsmyanmar.org သို့ အီးမေးလ်ပို့ပြီး စာရင်းသွင်းနိုင်မှာဖြစ်ပါတယ်။ မိမိ တက်ရောက်မယ့်နေ့မှာ ပါဝင်ဆွေးနွေးဖို့ အသေးစိတ် အချက်လက်တွေကိုပေးပို့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သြစတြေးလျပညာသင်ဆုလျှောက်လွှာတွေကို ဇွန် ၃၀ ရက်အထိ လျှောက်ထားနိုင်ပါတယ်။

-သန္တာ

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…