ဩစတြေးလျနိုင်ငံ တက္ကသိုလ် ကောလိပ် ၃၂ ကျောင်းပါဝင်မည့် ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

ဩစတြေးလျနိုင်ငံ Group of Eight University ၈ ကျောင်းအပါအဝင်၊ တက္ကသိုလ် ကောလိပ် ၃၂ ကျောင်းပါဝင်မယ့် သြစတြေးလျပညာရေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ ရက်၊ ၁၃ ရက် နဲ့ ၁၉ ရက် တွေမှာ အွန်လိုင်းမှတစ်ဆင့် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပညာရေးဆွေးနွေးပွဲမှာ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ကျောင်းကိုယ်စားလှယ်တွေနဲ့ တစ်ယောက်ချင်းစီ ဆွေးနွေး မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ပါဝင်လိုသူတွေနေနဲ့ https://bit.ly/2DjgOj8 မှာ မိမိ စိတ်ဝင်စား ဆွေးနွေးလိုတဲ့ ကျောင်းကို ရွေးချယ် စာရင်းပေးသွင်းနိုင်ပါတယ်။

ပညာရေးဆွေးနွေးပွဲမှာ သြစတြေးလျနိုင်ငံရှိ အဆင့်မြင့်တက္ကသိုလ်တွေမှာ ကျောင်းလျှောက်ထားခြင်း၊ ဝင်ခွင့်သတ်မှတ်ချက်များ၊ လျှောက်ထားနိုင်မယ့် ပညာသင်ဆုတွေနဲ့ ကျောင်းသားတွေရဲ့အကျိုးခံစားခွင့်ဆိုင်ရာ အကြောင်းအရာတွေကို အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ်။

ပညာရေးဆွေးနွေးပွဲမှာ ပါဝင်ပြီး ကျောင်းလျောက်ထားလိုသူတွေအနေနဲ့စက်တင်ဘာ ၁၄ ရက် မှ ၃၀ ရက်အထိ “AVSS Myanmar”ရဲ့ ရန်ကုန်၊ မန္တ‌လေးရုံးနှင့် ဆက်သွယ်ကျောင်းလျှောက်ပါက ကျောင်းတွေရဲ့ Application Fees တွေကိုကင်းလွတ်ခွင့်ရရှိမယ့်အပြင် ကျန်းမာရေးအာမခံ (၆)လစာကိုလည်း လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်လိုသူတွေအနေနဲ့ AVSS Yangon ဖုန်း – ၀၉၄၅၀၀၀၆၉၄၄ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««