ဩဂုတ် ၅ ရက် Unpacked မှာ မိတ်ဆက်မယ့် Samsung Note 20 နဲ့ Galaxy Z Fold 2

Samsung ဟာ Note 20, Galaxy Z Fold 2 နဲ့ Galaxy Z Flip 5G ဗားရှင်းထုတ်ကုန်သစ်တွေကို ဩဂုတ် ၅ ရက်၊ Virtual Unpacked ပွဲမှာ မိတ်ဆက်သွားပါမယ်။

Samsung အနေနဲ့ Samsung.com မှာ နံနက် ၇ နာရီ ပစိဖိတ်အချိန်အတွင်း ဒီဂျစ်တယ်ပွဲကို တိုက်ရိုက်ထုတ်လွှင့်သွားပါမယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် Apple လိုမျိုး ကုမ္ပဏီတွေ အွန်လိုင်းပွဲတွေ ပြုလုပ်ခဲ့တာကြောင့် Samsung လည်း အလားတူ ပြုလုပ်ခဲ့ပါတယ်။

Samsung က ပွဲအတွင်း Galaxy Fold 2 ကိုမိတ်ဆက်နိုင်ပါတယ်။ ပထမ Galaxy Fold မော်ဒယ်ရဲ့ သုံးသပ်ချက်ရေးသားမယ့် ထုတ်ကုန်အတွင်း မျက်နှာပြင် အားနည်းချက် တွေ့ရှိပြီးနောက် မိတ်ဆက်မယ့်ကာလ ၅ လအထိ နှောင့်နှေးခဲ့တယ်။ ဒီနှစ်မှာတော့ Galaxy Fold 2 ဒါမှမဟုတ် Galaxy Z Fold 2 အမည်ရမယ့် ထုတ်ကုန်ကို ထပ်မိတ်ဆက်ပါမယ်။ ထုတ်ကုန်သစ်က အရင်က အမှားတွေပြင်ဆင်ပြီး တည်ဆောက်ထားနိုင်ပါတယ်။

Samsung ဟာ Fold 2 မှာ ပလတ်စတစ်အစား မှန် display နဲ့ အတွင်းဘက် မျက်နှာပြင်ကို ပိုမိုကြီးမားအောင် တိုးချဲ့နိုင်ပါတယ်။ ကောလာဟလတချို့အရ S Pen stylus ပါဝင်လာနိုင်ပါတယ်။ ဈေးကြီးတဲ့ Fold 2 အပြင် ဈေးသက်သာတဲ့ Fold E ဒါမှမဟုတ် Fold Lite ကိုလည်း မိတ်ဆက်နိုင်ပါတယ်။

Samsung ဟာ ခေါက်နိုင်တဲ့ Z Flip 5G ဗားရှင်းကိုလည်း ထုတ်ဖော်ပြနိုင်ပါတယ်။ ပထမမော်ဒယ်ကိုတော့ ဖေဖော်ဝါရီလလယ်အတွင်း ဈေးကွက်တင်သွင်းခဲ့တယ်။ Samsung ရဲ့ ဩဂုတ် ၅ ရက်ပွဲမှာ Note 20 ကိုလည်း မိတ်ဆက်ဖို့ရှိပါတယ်။ ဒီနှစ်မှာ Samsung က Note 20, Note 20 Plus နဲ့ Note 20 Ultra စတဲ့ Note မော်ဒယ် ၃ မျိုးကို မိတ်ဆက်နိုင်တယ်။ နောက်မော်ဒယ် ၂ မျိုးမှာ မျက်နှာကွေး၊ ဘေးဘောင်အပါးနဲ့ ကိုယ်ထည်ပါးလာမယ်လို့ သိရပါတယ်။ မော်ဒယ်အားလုံးမှာတော့ 5G ပါပါမယ်။

စိုးထက်
Ref: CNET