ဩဂုတ်လ ၁၄ ရက်မှ ရုံတင်မယ့် Wonder Woman 1984

DC ရဲ့ Wonder Woman ရုပ်ရှင်ဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုံတင်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါကြောင့် Wonder Woman 1984 ရုပ်ရှင်ကို ဩဂုတ် ၁၄ ရက်မှ ရုံတင်တော့မှာ ဖြစ်ပါတယ်။

မူလက Star Wars: The Rise of Skywalker ယှဉ်ပြိုင်မပြသလိုတာကြောင့် ၂၀၁၉ ဒီဇင်ဘာလကနေ ဇွန် ၅ ရက်အထိ ရက်ရွှေ့ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံတွေ ပိတ်တာနဲ့ မြို့အဝင်အထွက်ပိတ်တာ ကိစ္စတွေဖြစ်ပေါ်ပြီး ရုပ်ရှင်ရုံတင်ရက်ကိုလည်း ရွှေ့ဆိုင်းနေကြပါတယ်။

ပထမဆုံး Wonder Woman 1984 ရုပ်ရှင် နမူနာကို ဒီဇင်ဘာ ၈ ရက်မှာ လွှင့်တင်ခဲ့ပါတယ်။ ဇာတ်ကားမှာ Steve Trevor အဖြစ် Chris Pine နဲ့ Genral Antiope အဖြစ် Robin Wright တို့ပြန်လည်ပါဝင်လာကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Gal Gadot ဦးဆောင်ထားတဲ့ Wonder Woman အဆက်မှာ စူပါဗီလိန် Cheetah အဖြစ် Kristen Wiig နဲ့ Maxwell Lord အဖြစ် Pedro Pascal တို့လည်း အပြိုင်သရုပ်ဆောင်ထားကြပါတယ်။

-စိုးထက်
Ref: CNET