ဦးနှောက်ပိုင်းဆိုင်ရာရောဂါတွေကို စမတ်နာရီနဲ့ ကုသပေးနိုင်တော့မယ့် ဘီလ်ဂိတ် စီမံကိန်း

စမတ်နာရီလိုမျိုး ထုတ်ကုန်တွေက မှတ်ဉာဏ်မေ့ရောဂါ အစောပိုင်းလက္ခဏာတွေကို ခြေရာခံပေးနိုင်ပါမယ်။ အဲဒီထုတ်ကုန်တွေကို ဗြိတိန်လူမျိုး တစ်သန်းနဲ့ စမ်းသပ်သွားမယ်လို့ သိရပါတယ်။

ဘီလ်ဂိတ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်တို့က ပေါင်သန်း ၁၀၀တန် စီမံကိန်းကို ထောက်ပံ့ထားပါတယ်။စမတ်လက်ပတ်ထုတ်ကုန်တွေက artificial intelligence အသုံးပြုပြီး မှတ်ဉာဏ်မေ့လျော့ရောဂါ ခြေရာခံမှုကို တော်လှန်ပြောင်းလဲနိုင်ပါတယ်။ စမတ်ထုတ်ကုန်တွေက စကားပြောဆိုတာ၊ ကြွက်သားလှုပ်ရှားမှုနဲ့ အိပ်စက်မှုလိုမျိုး အညွှန်း ၃၀ကျော်ကို စောင့်ကြည့်ပေးပါတယ်။

၃ နှစ်အတွင်း အစိုးရရဲ့ ရောဂါရှာဖွေမှုအရှိန်မြှင့်တင်ရေး စီမံကိန်းအဖြစ် ရှေ့ပြေးပုံစံလက်ပတ်ကို အသက် ၄၀ ကျော် ဗြိတိန်နိုင်ငံသား တစ်သန်း ဝတ်ဆင်စေမယ်လို့ The Times ဖော်ပြခဲ့ပါတယ်။

အခုထုတ်ကုန်က အယ်ဇိုင်းမားနဲ့ မှတ်ဉာဏ်မေ့လျော့တဲ့ ရောဂါပုံစံအမျိုးမျိုး အစောပိုင်း ကုသကာကွယ်မှုနဲ့ ကူညီပေးနိုင်ပါတယ်။ မှတ်ဉာဏ်မေ့လျော့ရောဂါက လက္ခဏာမပြသခင် နှစ် ၂၀အထိ ဖွံ့ဖြိုးလာပြီး ကြီးမားတဲ့ထိခိုက်မှု ဖြစ်ပွားတဲ့အခါမှပဲ ရောဂါကို အဖြေရှာတွေ့လေ့ရှီပါတယ်။

ဗြိတိန်မှာ မှတ်ဉာဏ်မေ့လျော့မှုကြောင့် အသက်ဆုံးရှုံးနေရပြီး ဦးနှောက်ရောဂါတွေကို ရပ်တန့်တာ၊ နှေးကွေးအောင် ပြုလုပ်ဖို့ ကုသနည်းတွေ မရှိသေးပါဘူး။

အခုထုတ်ကုန်စမ်းသပ်မှုဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ဖြစ်ပြီး ယူကေအယ်ဇိုင်းမားသုတေသနက အစီအစဉ်စတင်ခဲ့ကာ Microsoft တည်ဆောက်သူ ဘီလ်ဂိတ်က တစ်စိတ်တစ်ပိုင်း ငွေကြေးထောက်ပံ့ထားပါတယ်။ဗြိတိန်သိပ္ပံပညာရှင်တွေက ရောဂါရှာဖွေရေးအတွက် အကူအညီဖြစ်နိုင်ဖို့ လက်ဗွေတွေကို ခွဲခြားဖော်ထုတ်သွားဖို့ လူပေါင်း ၁၀,၀၀၀ခန့်က အချက်အလက်တွေကို လုပ်ကိုင်နေပါတယ်။

စိုးထက်
Ref: DailyMail