ဦးေႏွာက္အက်ိတ္ ရွာေဖြေဖာ္ထုတ္ရာမွာ ဆရာဝန္ေတြကို အႏိုင္ရခဲ့တဲ့ တ႐ုတ္ AI

[Zawgyi]

တ႐ုတ္ AI စနစ္တစ္ခုဟာ ဦးေႏွာက္အက်ိတ္နဲ႔ အျခား က်န္းမာေရးအေျခအေနေတြကို ရွာေဖြေဖာ္ထုတ္ရာမွာ ထိပ္တန္း တ႐ုတ္ဆရာဝန္ေတြပါဝင္တဲ့ အဖြဲ႕တစ္ဖြဲ႕ထက္ ပိုမိုတိက်ျမန္ဆန္စြာ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ Xinhua က ေဖာ္ျပခဲ့ပါတယ္။

BioMind လို႔ေခၚတဲ့ AI ကို Beijing Tiantan ေဆး႐ံုက ဦးေႏွာက္နဲ႔ အာ႐ံုေၾကာေရာဂါအတြက္ Artificial Intelligence သုေတသနစင္တာက ဖန္တီးထားတာ ျဖစ္ပါတယ္။

အဲ့ဒီ AI ဟာ ျဖစ္ရပ္ ၂၂၅ ခုထဲက ၈၇ ရာခိုင္ႏႈန္းကို ၁၅ မိနစ္အတြင္းမွာ မွန္ကန္စြာ ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ၿပီး စီနီယာဆရာဝန္ ၁၅ ေယာက္ပါဝင္တဲ့ အဖြဲ႕ကေတာ့ ၆၆ ရာခိုင္ႏႈန္းကိုသာ တိက်မွန္ကန္စြာ ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဦးေခါင္းခြံအတြင္း ေသြးလံုးျဖစ္မႈအေပၚ ခန္႔မွန္းရာမွာလည္း AI က ၈၃ ရာခိုင္ႏႈန္းကို တိက်စြာ ခန္႔မွန္းႏိုင္ခဲ့ၿပီး ဆရာဝန္ေတြက ၆၃ ရာခိုင္ႏႈန္း မွန္ေအာင္ ခန္႔မွန္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ AI ကို ေလ့က်င့္ဖို႔အတြက္ developer ေတြဟာ AI ကို ဓာတ္ပံု ေထာင္ေပါင္းမ်ားစြာနဲ႔ ေဆး႐ံုရဲ႕ လြန္ခဲ့တဲ့ဆယ္ႏွစ္က ေရာဂါရွာေဖြေဖာ္ထုတ္မႈေတြနဲ႔အတူ သင္ၾကားေပးခဲ့ပါတယ္။ ဒီ AI ဟာ ဦးေႏွာက္အေျမွးပါအဖုအက်ိတ္နဲ႔ အာ႐ံုေၾကာအက်ိတ္အပါအဝင္ ဦးေႏွာက္နဲ႔အာ႐ံုေၾကာေရာဂါအခ်ိဳ႕ကို မွန္ကန္တိက်မႈ ၉၀ ရာခိုင္ႏႈန္းေက်ာ္နဲ႔အတူ ရွာေဖြေဖာ္ထုတ္ေပးႏိုင္ပါတယ္။

“ဒီယွဥ္ၿပိဳင္မႈကေန ဆရာဝန္ေတြက ကြန္ပ်ဴတာဉာဏ္ရည္တု (artificial intelligence) ရဲ႕အစြမ္းကို သိရိွႏိုင္ပါတယ္။ အထူးသျဖင့္ artificial intelligence ကို လြယ္လြယ္နဲ႔ လက္မခံနဲ႔ ဆရာဝန္အခ်ိဳ႕အတြက္ေပါ့။ သူတို႔အေနနဲ႔ AI ကို ပိုမိုနားလည္သေဘာေပါက္ၿပီး AI အေပၚ စိုးရြံ႕ေနတာေတြကို ေလွ်ာ့ခ်ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ Tiantan ေဆး႐ံုက အမႈေဆာင္ဒုဥကၠ႒ျဖစ္သူ Wang Yongiun က Xinhua ထံ ေျပာၾကားခဲ့ပါတယ္။

Ref: PopularMechanics

-ေနာင္ေနာင္

[Unicode]

တရုတ် AI စနစ်တစ်ခုဟာ ဦးနှောက်အကျိတ်နဲ့ အခြား ကျန်းမာရေးအခြေအနေတွေကို ရှာဖွေဖော်ထုတ်ရာမှာ ထိပ်တန်း တရုတ်ဆရာဝန်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ထက် ပိုမိုတိကျမြန်ဆန်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ Xinhua က ဖော်ပြခဲ့ပါတယ်။

BioMind လို့ခေါ်တဲ့ AI ကို Beijing Tiantan ဆေးရုံက ဦးနှောက်နဲ့ အာရုံကြောရောဂါအတွက် Artificial Intelligence သုတေသနစင်တာက ဖန်တီးထားတာ ဖြစ်ပါတယ်။

အဲ့ဒီ AI ဟာ ဖြစ်ရပ် ၂၂၅ ခုထဲက ၈၇ ရာခိုင်နှုန်းကို ၁၅ မိနစ်အတွင်းမှာ မှန်ကန်စွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး စီနီယာဆရာဝန် ၁၅ ယောက်ပါဝင်တဲ့ အဖွဲ့ကတော့ ၆၆ ရာခိုင်နှုန်းကိုသာ တိကျမှန်ကန်စွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးခေါင်းခွံအတွင်း သွေးလုံးဖြစ်မှုအပေါ် ခန့်မှန်းရာမှာလည်း AI က ၈၃ ရာခိုင်နှုန်းကို တိကျစွာ ခန့်မှန်းနိုင်ခဲ့ပြီး ဆရာဝန်တွေက ၆၃ ရာခိုင်နှုန်း မှန်အောင် ခန့်မှန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ AI ကို လေ့ကျင့်ဖို့အတွက် developer တွေဟာ AI ကို ဓာတ်ပုံ ထောင်ပေါင်းများစွာနဲ့ ဆေးရုံရဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က ရောဂါရှာဖွေဖော်ထုတ်မှုတွေနဲ့အတူ သင်ကြားပေးခဲ့ပါတယ်။ ဒီ AI ဟာ ဦးနှောက်အမြှေးပါအဖုအကျိတ်နဲ့ အာရုံကြောအကျိတ်အပါအဝင် ဦးနှောက်နဲ့အာရုံကြောရောဂါအချို့ကို မှန်ကန်တိကျမှု ၉၀ ရာခိုင်နှုန်းကျော်နဲ့အတူ ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။

“ဒီယှဉ်ပြိုင်မှုကနေ ဆရာဝန်တွေက ကွန်ပျူတာဉာဏ်ရည်တု (artificial intelligence) ရဲ့အစွမ်းကို သိရှိနိုင်ပါတယ်။ အထူးသဖြင့် artificial intelligence ကို လွယ်လွယ်နဲ့ လက်မခံနဲ့ ဆရာဝန်အချို့အတွက်ပေါ့။ သူတို့အနေနဲ့ AI ကို ပိုမိုနားလည်သဘောပေါက်ပြီး AI အပေါ် စိုးရွံ့နေတာတွေကို လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ Tiantan ဆေးရုံက အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ Wang Yongiun က Xinhua ထံ ပြောကြားခဲ့ပါတယ်။

Ref: PopularMechanics

-နောင်နောင်