ဥရောပအတွင်း ဗီဒီယိုအရည်အသွေးတွေကို Facebook လျှော့ချ

Facebook ဟာဥရောပအတွင်းက Instagram နဲ့ Facebook ပေါ်က ဗီဒီယိုအရည်အသွေးကို လျှော့ချသွားပါမယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်ကနေ အလုပ်လုပ်နေသူ ထောင်ပေါင်းများစွာရှိနေပြီး အင်တာနက်အသုံးပြုမှု များပြားလာမှုအပေါ် ဝန်လျှော့ချဖို့ အီးယူက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အခုတစ်ပတ်အစောပိုင်းမှာ Netflix, Alphabet Inc ရဲ့ YouTube, Amazon နဲ့ Disney ကလည်း ဗီဒီယိုအရည်အသွေးကို လျှော့ချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗီဒီယိုထုတ်လွှင့်တဲ့ platform တွေက ကျောင်းတွေပိတ်ပြီး နေအိမ်က ကလေးထောင်ပေါင်းများစွာ အဝေးက စာသင်ကြားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်ရေးဌာနအတွက် bandwidth ကိုနေရာပေးဖို့ အီးယူလုပ်ငန်းအကြီးအကဲ သီယာရီဘရန်တန်ကတိုက်တွန်းခဲ့ပါတယ်။

ဥရောပဆက်သွယ်ရေးကုမ္ပဏီတွေက data traffic မြင့်တက်မှုကို ကွန်ရက်တွေနဲ့ ထိန်းကျောင်းနိုင်တယ်လို့ ပြောထားပါတယ်။ နေအိမ်ကနေ အလုပ်လုပ်သူ များပြားလာတာကြောင့် အင်တာနက်လိုင်း traffic များပြားမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

“ကွန်ရက်အသုံးပြုမှု များပြားတာကို လျော့ပါးစေဖို့ ကျွန်တော်တို့က ဥရောပအတွင်းက Facebook နဲ့ Instagram အတွက် ဗီဒိယို bit rate ကိုယာယီလျှော့ချသွားမယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

စိုးထက်
Ref: Reuters