ဥရောပမှာ စတင်ရောင်းချမယ့် Oppo Find X2 Lite 5G

Oppo ဟာ ဥရောပဈေးကွက် ပေါ်တူဂီမှာ စတင်ရောင်းချမယ့် 5G ထောက်ပံ့မှုနဲ့ Snapdragon 765G ပါဝင်တဲ့ Oppo Find X2 Lite ကိုမိတ်ဆက်လိုက်ပါတယ်။

Oppo Find X2 မှာ RAM 8GB နဲ့ storage 128GB ပါဝင်တယ်။ မျက်နှာပြင်အရွယ်အစားက‌ Full HD+ AMOLED ဖြစ်ပြီး under-display fingerprint scanner ပါဝင်လာပါတယ်။ ရှေ့ကင်မရာ 32MP sensor နဲ့ f/2.0 aperture ကို ရေစက်ပုံစံ notch ထဲ ထည့်သွင်းထားပါတယ်။

ကျောဘက်ကင်မရာတွေကတော့ 48MP ½” နဲ့ ultra-wideangle 8MP, 2MP monochromatic နဲ့ 2MP retro portrait style lens ကတော့ selfie ဓာတ်ပုံရိုက်ရာမှာ ထောက်ပံ့ပေးသလို နောက်ခံဝေဝါးအောင်‌ ပြုလုပ်ပေးပါတယ်။

ဖုန်းဘက်ထရီကတော့ 4,025mAh ဖြစ်ပြီး VOOC 4.0 နဲ့ 30W အားသွင်းမြန်ဆန်စနစ်တို့ပါဝင်လာပါတယ်။ Find X2 Lite မှာ Android 10 အခြေခံ ColorOS 7 ကို အသုံးပြုထားပါတယ်။

  

Oppo Find X2 Lite ကိုအနက်၊ အဖြူနဲ့ ထုတ်လုပ်မှာပါ။ ယူရို ၄၉၉နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena