ဥရောပဈေးကွက် ချဲ့ထွင်နေတဲ့ Vivo

Vivo ဟာ ဥရောပဈေးကွက်ထဲ တရားဝင် ဝင်ရောက်လာပါတယ်။ Vivo နဲ့ BBK ကုမ္ပဏီခွဲတို့က ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နဲ့ ယူကေဈေးကွက်မှာ ဖုန်းတွေ ရောင်းချသွားပါမယ်။ Vivo ကတော့ X51 5G အပြင် Y70 နဲ့ Y20s ဖုန်းတွေကိုလည်း ရောင်းချပါမယ်။

Y70 နဲ့ Y20s ကတော့ အလယ်အလတ်တန်းစားဖုန်း ဖြစ်ပါတယ်။ Y11s မှာတော့ Snapdragon 460 chipset, ဘက်ထရီ 5,000 နဲ့ ၆.၅၁ လက်မ HD+ LCD ပါဝင်လာပါတယ်။ Vivo ဟာ လက်ရှိမှာ ဈေးကွက် ၃၀ ကျော်မှာ လှုပ်ရှားနေပြီး တရုတ်နဲ့ အိန္ဒိယမှာ ဒုတိယဦးဆောင်ထားနိုင်တဲ့ စမတ်ဖုန်းကုမ္ပဏီ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းရောင်းချမှု ဝေစု ၉ ရာခိုင်နှုန်း အထိ ရရှိထားပါတယ်။

 

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««