အၿပိဳင္အဆုိင္ ဆန္းသစ္တီ ထြင္လာတဲ့ လက္ပ္ေတာ့မ်ား

[ Zawgyi ]

၁၉၇၁ ခုႏွစ္မွာ အမ်ား အသံုးျပဳႏိုင္တဲ့ တစ္ကိုယ္ေရသံုး ကြန္ပ်ဴတာမ်ား (personal computer) မ်ား စတင္တီထြင္ ထုတ္လုပ္ႏုိင္ခဲ့ၾကတယ္။ တစ္ကိုယ္ေရသံုး ကြန္ပ်ဴတာမ်ားကို စားပြဲေပၚ တင္ထား အသံုးျပဳခြင့္ရ ၾကတာျဖစ္တယ္။ ၁၉၈၃ ခုႏွစ္ ေလာက္ ေရာက္တဲ့အခါ သယ္ယူသြားႏိုင္တဲ့ portable computer အမ်ိဳးအစားမ်ားကို တစ္ဆင့္တက္ၿပီး ထုတ္လုပ္ေရာင္းခ်လာျပန္ ၾကတယ္။ ခရီးသြားရာမွာ အသံုးျပဳတဲ့ ဝန္စည္စလြယ္ အိတ္ကေလးသဏၭာန္ အလြယ္တကူ သယ္ယူသြားႏုိင္တာေၾကာင့္ luggables လို႔ ပထမဆံုး ေယဘုယ် အေခၚအေဝၚျဖင့္ ေခၚတြင္ ၾကတယ္။ မူလအစ တစ္ကိုယ္ေရသံုးမ်ားကို အလြယ္တကူ သယ္ယူသြားႏုိင္ေစဖုိ႔ ဖန္တီးခဲ့ၾကတယ္ဆိုေပမယ့္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစတဲ့ ေလးလံမႈမ်ိဳး ျဖစ္ေနတယ္။ ၁၉၉၀ ခုႏွစ္ မ်ားကို ေရာက္လာတဲ့အခါ ေပါင္ (lap) ေပၚ တင္သံုးႏုိင္တဲ့ ပံုသဏၭာန္နဲ႔ တည္ေဆာက္ထုတ္လုပ္ ႏုိင္တာေၾကာင့္ Laptop လုိ႔ ေခၚဆိုၾကျပန္တယ္။ ေနာက္ပိုင္းမွာ Toshiba ကုမၸဏီ မွ Dynabook အမည္နဲ႔ လက္ပ္ေတာ့ ထုတ္လုပ္ရာကစၿပီး တစ္ကုိယ္ေရသံုး မွတ္စုစာအုပ္သဖြယ္ အသံုးခ်ကာ သယ္ယူသြားႏုိင္ေစ မယ္ဆုိတဲ့ ရည္ညႊန္းခ်က္နဲ႔ ႏုတ္ဘုတ္ (Notebook) လုိ႔ ေခၚေဝၚ ၾကျပန္တယ္။ လက္ပ္ေတာ့လုိ႔ဆိုဆို ႏုတ္ဘုတ္လုိ႔ ေျပာေျပာ portable computer အမ်ိဳးအစား ျဖစ္ေၾကာင္း ကြန္ပ်ဴတာအသံုးျပဳ သူတုိင္း နားလည္သိရွိၿပီး ျဖစ္ၾကတယ္။

တစ္ကိုယ္ေရသံုး ကြန္ပ်ဴတာမ်ား ေပၚထြန္းလာခဲ့ေပမယ့္ လုပ္ႏိုင္စြမ္းအားအေနနဲ႔ Desktop ကြန္ပ်ဴတာက Laptop ကြန္ပ်ဴတာမ်ားထက္ ျမင့္မားေနေလ့ရွိတယ္။ သတ္မွတ္ေရာင္းခ်တဲ့ ေစ်းႏႈန္းမ်ားကို ေလ့လာၾကည့္ပါကလည္း Laptop ကြန္ပ်ဴတာမ်ားက ပိုမုိေစ်းႏႈန္းႀကီးျမင့္တာကို သိရွိၿပီးျဖစ္ၾကပါလိမ့္မယ္။ ၂၀ ရာစု ကုန္ဆံုးကာ ၂၁ ရာစုႏွစ္ကို ေရာက္ရွိခ်ိန္ကစၿပီး Laptop မ်ား၏လုပ္ေဆာင္ႏုိင္စြမ္းကို ျမႇင့္တင္ထုတ္လုပ္မႈေတြ ရွိလာခဲ့တယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္း ကြန္ပ်ဴတာ Hardware ထုတ္လုပ္သူမ်ားနဲ႔ Software တီထြင္ေရးသားသူတုိ႔ရဲ႕တိုးတက္ျဖစ္ထြန္းမႈမ်ားက အံံ့မခန္းျဖစ္ေစခဲ့တယ္။ Laptop ကြန္ပ်ဴတာအ မ်ိဳးအစားအခ်ိဳ႕ကို Workstation အဆင့္ျဖင့္ အသံုးျပဳႏုိင္ခြင့္ ရႏုိင္ခဲ့ၾကတယ္။ အထူးသျဖင့္ Laptop မ်ားမွာ ဂရပ္ဖစ္အင္အား ျမႇင့္တင္ႏုိင္မႈ ျမင့္မားသလုိ display အရည္အေသြးမ်ားကို လည္း တစ္ႏွစ္ထက္တစ္ႏွစ္ ပိုေကာင္းလာေစႏုိင္တာေၾကာင့္ ဂိမ္းကစားတဲ့ Laptop (Gaming Laptop) မ်ားရဲ႕ အရည္အခ်င္းေတြနဲ႔အတူ အၿပိဳင္အဆုိင္ထုတ္လုပ္ ေရာင္းခ်ၾကတာကိုေတြ႕ျမင္ ၾကရတယ္။ Laptop ကြန္ပ်ဴတာ မ်ားရဲ႕ အရည္အခ်င္းနဲ႔အရည္ အေသြးကို ျမႇင့္တင္ထုတ္လုပ္ ေရာင္းခ်ၾကသလုိ Laptop စတုိင္ ၊ Laptop ဒီဇုိင္းမ်ားကိုလည္း အသံုးျပဳလုိသူတုိ႔ ႏွစ္သက္ျမတ္ႏိုးဖြယ္ ျဖစ္ေစဖုိ႔ အၿပိဳင္အဆုိင္ ႀကိဳးပမ္းၾကတာေတြကိုလည္း ျမင္ေတြ႕ေနၾကရတယ္။

-ဦးေသာင္းဝင္း(ပန္းခ်ယ္ရီ)

[ Unicode ]

၁၉၇၁ ခုနှစ်မှာ အများ အသုံးပြုနိုင်တဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာများ (personal computer) များ စတင်တီထွင် ထုတ်လုပ်နိုင်ခဲ့ကြတယ်။ တစ်ကိုယ်ရေသုံး ကွန်ပျူတာများကို စားပွဲပေါ် တင်ထား အသုံးပြုခွင့်ရ ကြတာဖြစ်တယ်။ ၁၉၈၃ ခုနှစ် လောက် ရောက်တဲ့အခါ သယ်ယူသွားနိုင်တဲ့ portable computer အမျိုးအစားများကို တစ်ဆင့်တက်ပြီး ထုတ်လုပ်ရောင်းချလာပြန် ကြတယ်။ ခရီးသွားရာမှာ အသုံးပြုတဲ့ ဝန်စည်စလွယ် အိတ်ကလေးသဏ္ဌာန် အလွယ်တကူ သယ်ယူသွားနိုင်တာကြောင့် luggables လို့ ပထမဆုံး ယေဘုယျ အခေါ်အဝေါ်ဖြင့် ခေါ်တွင် ကြတယ်။ မူလအစ တစ်ကိုယ်ရေသုံးများကို အလွယ်တကူ သယ်ယူသွားနိုင်စေဖို့ ဖန်တီးခဲ့ကြတယ်ဆိုပေမယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ လေးလံမှုမျိုး ဖြစ်နေတယ်။ ၁၉၉၀ ခုနှစ် များကို ရောက်လာတဲ့အခါ ပေါင် (lap) ပေါ် တင်သုံးနိုင်တဲ့ ပုံသဏ္ဌာန်နဲ့ တည်ဆောက်ထုတ်လုပ် နိုင်တာကြောင့် Laptop လို့ ခေါ်ဆိုကြပြန်တယ်။ နောက်ပိုင်းမှာ Toshiba ကုမ္ပဏီ မှ Dynabook အမည်နဲ့ လက်ပ်တော့ ထုတ်လုပ်ရာကစပြီး တစ်ကိုယ်ရေသုံး မှတ်စုစာအုပ်သဖွယ် အသုံးချကာ သယ်ယူသွားနိုင်စေ မယ်ဆိုတဲ့ ရည်ညွှန်းချက်နဲ့ နုတ်ဘုတ် (Notebook) လို့ ခေါ်ဝေါ် ကြပြန်တယ်။ လက်ပ်တော့လို့ဆိုဆို နုတ်ဘုတ်လို့ ပြောပြော portable computer အမျိုးအစား ဖြစ်ကြောင်း ကွန်ပျူတာအသုံးပြု သူတိုင်း နားလည်သိရှိပြီး ဖြစ်ကြတယ်။

တစ်ကိုယ်ရေသုံး ကွန်ပျူတာများ ပေါ်ထွန်းလာခဲ့ပေမယ့် လုပ်နိုင်စွမ်းအားအနေနဲ့ Desktop ကွန်ပျူတာက Laptop ကွန်ပျူတာများထက် မြင့်မားနေလေ့ရှိတယ်။ သတ်မှတ်ရောင်းချတဲ့ စျေးနှုန်းများကို လေ့လာကြည့်ပါကလည်း Laptop ကွန်ပျူတာများက ပိုမိုစျေးနှုန်းကြီးမြင့်တာကို သိရှိပြီးဖြစ်ကြပါလိမ့်မယ်။ ၂၀ ရာစု ကုန်ဆုံးကာ ၂၁ ရာစုနှစ်ကို ရောက်ရှိချိန်ကစပြီး Laptop များ၏လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ထုတ်လုပ်မှုတွေ ရှိလာခဲ့တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ကွန်ပျူတာ Hardware ထုတ်လုပ်သူများနဲ့ Software တီထွင်ရေးသားသူတို့ရဲ့တိုးတက်ဖြစ်ထွန်းမှုများက အံံ့မခန်းဖြစ်စေခဲ့တယ်။ Laptop ကွန်ပျူတာအ မျိုးအစားအချို့ကို Workstation အဆင့်ဖြင့် အသုံးပြုနိုင်ခွင့် ရနိုင်ခဲ့ကြတယ်။ အထူးသဖြင့် Laptop များမှာ ဂရပ်ဖစ်အင်အား မြှင့်တင်နိုင်မှု မြင့်မားသလို display အရည်အသွေးများကို လည်း တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာစေနိုင်တာကြောင့် ဂိမ်းကစားတဲ့ Laptop (Gaming Laptop) များရဲ့ အရည်အချင်းတွေနဲ့အတူ အပြိုင်အဆိုင်ထုတ်လုပ် ရောင်းချကြတာကိုတွေ့မြင် ကြရတယ်။ Laptop ကွန်ပျူတာ များရဲ့ အရည်အချင်းနဲ့အရည် အသွေးကို မြှင့်တင်ထုတ်လုပ် ရောင်းချကြသလို Laptop စတိုင် ၊ Laptop ဒီဇိုင်းများကိုလည်း အသုံးပြုလိုသူတို့ နှစ်သက်မြတ်နိုးဖွယ် ဖြစ်စေဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြတာတွေကိုလည်း မြင်တွေ့နေကြရတယ်။