အွန်လိုင်း streaming အသားပေးသွားမယ့် Disney

Disney ဟာ တီဗီအစီအစဉ်နဲ့ ရုပ်ရှင်ဖန်တီးမှုကို ပြင်ဆင် ပြောင်းလဲနေပါတယ်။ Disney Plus နဲ့အတူ အွန်လိုင်း streaming လုပ်ငန်းကိုအသားပေးဖို့ စီစဉ်နေပါတယ်။ Disney အနေနဲ့ တီဗီကွန်ရက်အတွက် ထွက်ရှိမယ့် မူပိုင် ရုပ်ရှင်၊ အစီအစဉ်၊ အားကစားအစီအစဉ်နဲ့ streaming ဝန်ဆောင်မှုအတွက် မူလရုပ်ရှင်တွေ ထွက်ရှိဖို့ ကုမ္ပဏီအဖွဲ့ ၃ ခုကို ပြင်ဆင်ဖွဲ့စည်းနေပါတယ်။ Disney က အဖွဲ့တွေက အစီအစဉ်ဖြန့်ချိမှုကို ဖယ်ထုတ်ပြီး သီးခြားဌာနတစ်ခု ဖန်တီးပါမယ်။

မူပိုင်ရုပ်ရှင်တွေကိုတော့ streaming မှာပဲ အသားပေးပြသမယ်လို့ Disney ကပြောခဲ့ပါတယ်။

Disney အပြောင်းအလဲက တီဗီအစီအစဉ်နဲ့ ရုပ်ရှင် ဖြန့်ချိမှုတွေက တစ်သမတ်တည်းဖြန့်ချိမှု မဟုတ်ဘဲ ပြောင်းလွယ်ပြင်လွယ် ဖြစ်လာစေပါမယ်။ မူလက ရုံမှာ ဒါမှမဟုတ် တီဗီနဲ့ streaming မှာပြသမယ့်ကားက အခု အပြောင်းအလဲကြောင့် ပြသမယ့်နေရာကို အလွယ်တကူ ပြောင်းရွှေ့နိုင်ပြီး စီမံကိန်းတွေကိုလည်း ကွဲပြားတဲ့ လုပ်ငန်းစဉ်အထိ ညွှန်ကြားနိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««