အွန်လိုင်းဥပဒေဘွဲ့သင်တန်းအတွက် သင်တန်းသားခေါ်ယူ

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်ရဲ့ အွန်လိုင်းဥပဒေဘွဲ့သင်တန်း (Online LL.B) အတွက် ပထမနှစ် သင်တန်းသားခေါ်ယူနေပါတယ်။

သင်တန်းကို ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်မှာ​ဖြစ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဦးစီးကာ Web-based Teaching System (WBTS) ကိုအသုံးပြုကာသင်ကြားပို့ချပေးမှာဖြစ်တယ်လို့သိရပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ရမှတ် စုစုပေါင်း ၃၅၀ နဲ့အထက်၊ အင်္ဂလိပ်စာမှာ ၅၀ နဲ့အထက်ရရှိသူ (သို့မဟုတ်) ဥပဒေပညာဘွဲ့မှ အပ အခြားဘွဲ့တစ်ခုခုရရှိပြီးသူတွေ (ပထမနှစ်မှစတင်တက်ရောက်ရပါမည်) တက်ရောက်နိုင်မှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို နို၀င်ဘာ ၁၃ ရက် နံနက် ၉ နာရီ မှစတင် လျှောက်ထားနိုင်ပြီး လျှောက်လွှာနဲ့အတူ တက္ကသိုလ်၀င်တန်းအောင်လက်မှတ်မူရင်း၊ အမှတ်စာရင်း မူရင်း တို့ကိုပူးတွဲ တင်ပြရမှာပါ။ သင်တန်းကာ ၅ နှစ်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာတွေကို www.ynou.edu.mm မှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာမှာ သင်တန်းဝင်ခွင့် မှတ်ပုံတင်ခြင်းကိုပြုလုပ်ရမှာဖြစ်ပြီး သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်ကို ဖုန်း – ၀၁-၂၃၀၅၉၃၈၊ ၅၂၅၁၆၄ နဲ့ ၅၃၇၄၁၃ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ