အွန်လိုင်းအမှာ မြင့်တက်လာတာကြောင့် ဝန်ထမ်း ၁၀၀,၀၀၀ Amazon ငှားရမ်းထား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစု ကုန်ပစ္စည်းတွေ ဝယ်ယူနေကြတာကြောင့် အွန်လိုင်းမှာ ပစ္စည်းမှာယူမှု မြင့်တက်လာပြီး ဂိုဒေါင်ဝန်ထမ်းနဲ့ ပစ္စည်းပို့ဆောင်သူ ၁၀၀,၀၀၀ ကို Amazon ကငှားရမ်းထားတယ်လို့ ပြောခဲ့ပါတယ်။

ဈေးဝယ်သူအများစုက အိမ်မှာသီးသန့်နေထိုင်တာ ဒါမှမဟုတ် ထုတ်ကုန်ပြတ်လပ်မှာ စိုးရိမ်မှုနဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်ယူခဲ့ပါတယ်။ လက်လီရောင်းချသူတွေက အစားအသောက်နဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို မပြတ်လပ်စေဖို့ ပြုလုပ်နေကြပြီး စတိုးဆိုင်အလုပ်နဲ့ သယ်ယူပို့ဆောင်ဖို့အတွက် ဝန်ထမ်းတွေ ထားရှိထားပါတယ်။

Amazon လိုမျိုး အမေရိကန်စူပါမားကတ် chain တွေဖြစ်တဲ့ Albertsons, Kroger နဲ့ Raley တို့ကလည်း ဝန်ထမ်းတွေ ခန့်အပ်နေပြီး အွန်လိုင်းအမှာစာတွေ ပြည့်မီအောင် လုံးပမ်းနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ခရီးသွားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေက လူတွေကို လက်လီကုန်ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီက ခန့်အပ်နေပါတယ်။

“ကျွန်တော်တို့က အရာအားလုံး ပုံမှန်ဖြစ်ချိန်အထိ အဖွဲ့ထဲ သူတို့တွေ (အခြားလုပ်ငန်းက လူတွေ) ပါဝင်လာဖို့ ကြိုဆိုပါတယ်။ လုပ်ငန်းရှင်ဟောင်းတွေကလည်း သူတို့ကို ပြန်လည်ခန့်အပ်နိုင်တယ်” လို့ Amazon က ပြောခဲ့ပါတယ်။

စိုးထက်
Ref: Reuters