အွန်လိုင်းအင်္ဂလိပ်ဘာသာစကားသင်တန်း အမှတ်စဉ် (၃) ဖွင့်မည်

အွန်လိုင်းအင်္ဂလိပ်ဘာသာစကားသင်တန်း အမှတ်စဉ် (၃) ကို ဖွင့်လှစ်မယ်လို့ U.S Embassy Rangoon ဖေ့ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။

အမေရိကန်၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ကမ္ဘာတစ်လွှားက တက္ကသိုလ်ကြီးတွေနဲ့ ကုမ္ပဏီကြီးတွေမှာ အသုံးပြုနေတဲ့ အွန်လိုင်းပလက်ဖောင်းနဲ့တူတဲ့Moodle ပလက်ဖောင်းကိုအသုံးပြုပြီးသင်ကြားပို့ချပေးမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကိုလေ့လာသင်ယူ၊ လေ့ကျင့်ရင်းနဲ့ ၂၁ ရာစုထဲက အတတ်ပညာစွမ်းရည်တွေအတွက်လည်းပြင်ဆင်ပေးတဲ့သင်တန်းဖြစ်ပါတယ်။

သင်တန်းကို မေ ၄ ရက် မှာစတင်ဖွင့်လှစ်မှာ ဖြစ်ပြီး ဧပြီ ၂၇ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ အီးမေးလ်အကောင့်တစ်ခု ရှိရမှာဖြစ်ပြီး အသက် (၁၆) နှစ် အနည်းဆုံးဖြစ်ရပါမယ်။ သင်တန်းသားအသစ်တွေအတွက် ဝင်ခွင့်စာမေးပွဲကို ဧပြီ ၂၁ ရက်၊ နေ့လယ် ၁ နာရီမှ ၂ နာရီခွဲ နဲ့ ဧပြီ ၂၃ ရက်၊ နေ့လယ် ၁ နာရီ ကနေ၊ ၂ နာရီခွဲအထိ ဖြေဆိုရမှာ ဖြစ်ပါတယ်။ဝင်ခွင့်စာ‌မေးပွဲဖြေဆိုပြီးပါက ဝင်ကြေးပေးသွင်းဖို့ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

သင်တန်းချိန်တွေကတော့ တနင်္လာမှသောကြာ နံနက် ၇ နာရီမှ ၉ နာရီထိ၊ နံနက် ၉ နာရီမှ ၁၁ နာရီထိ၊ ညနေ ၄ နာရီမှ ၆ နာရီအထိ၊ ညနေ ၆ နာရီမှ ည ၈ နာရီ နဲ့ ည ၈ နာရီမှ ၁၀ နာရီအထိ တို့ပဲဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ အတန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ သင်တန်းကြေးကတော့ ကျောင်းသားသစ်တွေအတွက် ၃၂၅,၀၀၀ ကျပ်ဖြစ်ပြီး ကျောင်းသားဟောင်းတွေကတော့ ၃၁၅,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကို CB Bank သို့မဟုတ် Mobile Money တွေကနေတဆင့်ပေးသွင်းနိုင်ပါတယ်။

တက်ရောက်လိုသူတွေဟာ ဒီနေရာမှ ဝင်ရောက်ရမှာဖြစ်ပြီး သင်တန်းသားအသစ်တွေအတွက် အွန်လိုင်းအရည်အချင်းစစ်စာမေးပွဲဖြေရမယ့် အင်တာနက်လိပ်စာ အတွက် ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

အသေးစိတ်ကို elp.myanmar@worldlearning.org သို့မေးလ်ပို့ဆက်သွယ်နိုင်သလို U.S Embassy Rangoon စာမျက်နှာ မှတဆင့်လည်းဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-သန္တာ