အွန်လိုင်းသုတေသန စာတမ်းရေးနည်းသင်တန်း ဖွင့်လှစ်မည်

တတိယအကြိမ်မြောက် အွန်လိုင်းသုတေသန စာတမ်းရေးနည်းသင်တန်း တန်းခွဲသစ်အနေနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းကို ပညာရေးသုတေသနလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်ဓာတုဗေဒလုပ်ငန်းများ ၊ ကျန်းမာရေးဆိုင်ရာနယ်ပယ်များမှ သုတေသနလုပ်ငန်းများ စတဲ့ နယ်ပယ်အသီးသီးမှာ သုတေသနပြုလုပ်နေကြသူများ၊ သုတေသနလုပ်ငန်းကို သဘောပေါက် နားလည်ချင်တဲ့သူများ၊ Thesis Paper, Research Paper, Research proposal ရေးသားနည်းများကို စနစ်တကျ ရေးသားတတ်မြောက်လိုသူများ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များမှာ မဟာဘွဲ့၊ ဒီပလိုမာဘွဲ့၊ ပါရဂူဘွဲ့ MBA ဘွဲ့သင်တန်း တက်နေသူများ၊ တက်ရန် ပြင်ဆင်နေသူများအတွက် ကျမ်းပြုစုရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ NGO, INGO တွေမှာ သုတေသနပရောဂျက် လုပ်ဆောင်နေကြသူတွေအတွက် အကျိုးရှိပြီး တက်ရောက်လေ့လာသင်တဲ့ သင်တန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို Google Classroom နဲ့ Google Meet အသုံးပြုကာ Video Clip နဲ့ Live Teaching နှစ်မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပြီး အွန်လိုင်းသင်တန်း တက်ရောက်မယ့်သူတွေ အနေနဲ့ Gmail account တစ်ခု လိုအပ်မှာ ဖြစ်ပြီး သင်တန်းကြေးက ၈၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ သင်တန်းချိန်က အောက်တိုဘာ ၁၀ ရက်မှ ၂၈ ရက်အထိ ဖြစ်ပါတယ်။ အသေးစိတ်ကို Creative_Language & Research Training Centre” ဖုန်း ၀၉-၄၂၉၅၃၁၇၃၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««