အွန်လိုင်းသီးသန့်ပွဲမှာ pokemon ၁ ဘီလျံအထိ Pokemon Go ကစားသူတွေ ရရှိ

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ ဒီနှစ်ရဲ့ Pokemon Go ပွဲတော်ကို ပြုလုပ်ခဲ့ပါတယ်။ အွန်လိုင်းသီးသန့် ပွဲတော်မှာ ကမ္ဘာတစ်ဝန်းက ၁၂၄ နိုင်ငံနဲ့ ဒေသက pokemon trainer သန်းပေါင်းများစွာ ပါဝင်တယ်လို့ Niantic ကပြောထားပါတယ်။

အခုပွဲမှာ နေ့စဉ် ရှာဖွေမှုတွေ ပြုလုပ်ရပြီး Team Rocket ခေါင်းဆောင်တွေနဲ့ ယှဉ်ပြိုင်တာနဲ့ Victini လိုမျိုး လျှို့ဝှက် pokemon ဖမ်းတာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် အရောင်တောက်ပတဲ့ pokemon နဲ့ တွေ့ရခဲတဲ့ pokemon ကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။

အခုပွဲက အိမ်မှာနေရင်း ကစားနိုင်အောင် လုပ်ပေးထားပါတယ်။ ကစားသူတွေက ၁၅ ကီလိုမီတာနီးပါး လမ်းလျှောက်တယ်လို့ Niantic ကပြောထားပါတယ်။ ဂိမ်းတွေက အရာတွေက pokemon ကိုဆွဲဆောင်ပြီး ပွဲအတွင်းမှာလည်း ထိရောက်မှုရှိပါတယ်။ Team Rocket အဖွဲ့ဝင်တွေက ကောင်းကင်က ပူဖောင်းတွေကို တွေ့နိုင်ပြီး အိမ်ကထွက်တဲ့အခါမှာ quest line တွေကို အလွယ်တကူ ပြီးဆုံးအောင်လုပ်နိုင်ပါတယ်။

Niantic ဟာ ဒေသတွင်း အသိုက်အဝန်း တည်ဆောက်ရေးအတွက် Black AR ဖန်တီးသူနဲ့ US NPOs ကစီမံကိန်းတွေကို ငွေကြေးထောက်ပံ့ဖို့ ၁၄.၉၉ ဒေါ်လာ လက်မှတ်ရောင်းချမှုကို အသုံးပြုပါမယ်။ ကုမ္ပဏီအနေနဲ့ စီမံကိန်းအတွက် အနည်းဆုံး ဒေါ်လာ ၅ သန်း အသုံးပြုဖို့ တောင်းခံထားပါတယ်။ ဒါပေမဲ့လည်း လက်မှတ်ရောင်းအားကတော့ ဒေါ်လာ ၁၀ သန်း ကျော်သွားပါတယ်။

-စိုးထက်
Ref: TheVerge