အွန်လိုင်းမှ အခမဲ့ သင်ကြားပေးမည့် Innovation and Entrepreneurship သင်တန်း

ကုန်သည်စက်မှုအသင်းချုပ်၊ UMFCCI Training Institute မှ Covid-19 ကာလအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ အစီအစဉ်အနေနဲ့ Innovation and Entrepreneurship သင်တန်းကို အွန်လိုင်းမှ အခမဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကို ဒီဇင်ဘာ ၅ ရက် နဲ့ ၆ ရက် တွေမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းချိန်ကတော့ နေ့လယ် ၁ နာရီခွဲမှ ၃ နာရီခွဲအထိ ဖြစ်ပါတယ်။ သင်တန်းနည်းပြ အဖြစ် ဒေါ်စိမ်းဝတ်ရည် (M.B.A, Yangon Institute of Economics), SME/Start-Up Consultant, Myanmar Business Incubation Centre, National Adviser, Crafting Futures, British Council East Asia, National Advisor/National Trainer, Entrepreneurship (Cefe International, Germany) က သင်ကြားပေးမှာ ဖြစ်ပြီး မိမိလုပ်ငန်းကို သမားရိုးကျအဆင့်မှ ပိုမိုကောင်းမွန်စွာ ဆန်းသစ်တီထွင် လုပ်ကိုင်လိုသူတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စွန့်ဦးတီထွင်ပြီး စတင်လုပ်ကိုင်လိုသူများ အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/CjE88xcjES3X5chE9 ကိုဝင်ရောက်ပြီး လျှောက်ထားနိုင်ပါတယ်။ သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက် တက်ရောက်ခွင့် ရရှိသူများကိုသာ အီးမေးလ်နဲ့ ပြန်လည်ဆက်သွယ် အကြောင်းကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««