အွန်လိုင်းမှ သင်ယူနိုင်မည့် စင်ကာပူတက္ကသိုလ်များ၏ ပညာရေး အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

ပညာရေးနောက်ကျမကျန်ခဲ့အောင် အွန်လိုင်းမှ သင်ယူနိုင်မယ့် စင်ကာပူတက္ကသိုလ်တွေရဲ့ပညာရေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီမှ ၃ နာရီခွဲအထိ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပညာရေးနောက်ကျမကျန်ခဲ့အောင် Onlineမှ သင်ယူနိုင်မယ့် စင်ကာပူတက္ကသိုလ်တွေရဲ့ပညာရေး အကြောင်းအရာထဲက စင်ကာပူနဲ့ သြစတြေးလျနိုင်ငံက Campuses တွေမှာ ဆက်လက်တက်ရောက်နိုင်မယ့် James Cook Universityရဲ့ Bachelor, Master Degree တွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံ James Cook University မှာ Bachelor of International Business Program ကို လက်ရှိ Online ကနေ သင်ယူနေတဲ့ ကျောင်းသူ မနွေးထွေးလှိုင်နဲ့ ကျောင်းသားမောင်သက်ထူးစံတို့မှ ယခု Covid-19 ကာလအတွင်း သူတို့ရဲ့ ပညာရေးအတွေ့အကြုံတွေကို အွန်လိုင်းကနေ တိုက်ရိုက်မေးမြန်းနိုင်ဖို့ CROWN Education က စီစဉ်ပေးထားပါတယ်။

Student Interview Online Sharing Session အတွက် http://bit.ly/crownjcus2020 မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««