အွန်လိုင်းမှ သင်ကြားပေးမည့် ၅ ရက်တာ ဗီဒီယိုသင်တန်း အခမဲ့ တက်ရောက်နိုင်မည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ One Minute Academy (တစ်မိနစ်အကယ်ဒမီ) တို့မှ ပူးပေါင်းတင်ဆက်တဲ့ ၅ ရက်တာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲသင်တန်းကို အခမဲ့ သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စိတ်ပါဝင်စားသူ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်း ခေါင်းဆောင်များနဲ့ စွန့်ဦးတီထွင်သူတို့အား စိတ်ဝင်စားဖွယ်နှင့် သတင်းအချက်အလက် ပေးစွမ်းနိုင်မယ့် ဗီဒီယို ဇာတ်ကားအတိုများဖြင့် ၎င်းတို့ရဲ့ ဇာတ်လမ်းအဖြစ်အပျက်များ တင်ပြနိုင်မယ့် စွမ်းရည်ကို သင်တန်းပေးလေ့ကျင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ Adobe နဲ့ National Geographic တို့လို ကုမ္ပဏီတွေမှာ အသုံးပြုပြီး ဆုတွေလည်းရထားတဲ့ တစ်မိနစ်စာ ဗီဒီယိုဇာတ်လမ်းတိုပြောပြခြင်း အကြောင်းကို လေ့လာနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းဆွေးနွေးပွဲကို ငွေကြေးမယူဘဲ သင်ကြားပေးမှာဖြစ်ပြီး အင်္ဂလိပ်နဲ့ မြန်မာဘာသာတို့နဲ့ သင်ကြားသွားမှာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၄ ရက် ထိဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၃ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://www.weloverealstories.com/myanmar မှာ စာရင်းပေးသွင်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««