အွန်လိုင်းမှ ကြိုတင် Booking ယူနိုင်သည့်စနစ်ကို ရိုးမဘဏ်မှ စတင်မိတ်ဆက်

ဘဏ်သို့လာရောက်ပြီး ဘဏ်၀န်ဆောင်မှုများရယူရမယ့်သူတွေအတွက် ကြာမြင့်စွာ စောင့်ဆိုင်းရမှုကို လျှော့ချနိုင်ရန် ဘဏ်ဝန်ဆောင်မှု တိုကင်ကို အွန်လိုင်းမှ ကြိုတင် Booking ယူနိုင်တဲ့စနစ်အား ရိုးမဘဏ်က မိတ်ဆက်ပေးလိုက်ပါတယ်။

ယခု မိတ်ဆက်ပေးတဲ့ အွန်လိုင်း ကြိုတင် Booking ရယူနိုင်တဲ့စနစ်ကို booking.yomabank.com မှတစ်ဆင့် အသုံးပြုပြီး ဘဏ်ခွဲကို လာရောက်ကြရန် အကြံပြုထားတယ်လို့ သိရပါတယ်။

ရိုးမဘဏ်ရဲ့ Chief Customer Officer ဖြစ်သူ ဦးနိုင်အေးလင်းက “အခုလိုအချိန်မှာ Customer တွေအတွက် ပိုမိုလုံခြုံ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေနေတာဖြစ်ပြီး အခုလို ဘဏ်၀န်ဆောင်မှုအားလုံးကို အွန်လိုင်းကနေ ကြိုပြီး ဘွတ်ကင်တင်လို့ရတဲ့ ၀န်ဆောင်မှုကတော့ ဂုဏ်ယူရမယ့်ခြေလှမ်းတစ်ခုပါ။ ဒီတီထွင်ကြံဆမှု အသေးလေးတစ်ခုကအစ နောက်ပိုင်းဆို Customer တွေရဲ့ဘဏ်၀န်ဆောင်မှု ရယူပုံအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိမယ်လို့ယုံကြည်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««