အွန်လိုင်းမှာ ပေါက်ကြားလာတဲ့ Microsoft ရဲ့ ‘One Outlook’ app

Microsoft ဟာ Windows 10 မှာ Mail နဲ့ Calendar app တွေကို အစားထိုးဖို့ Outlook app အသစ်တစ်ခုကို စမ်းသပ်ခဲ့ပါတယ်။ လျှို့ဝှက်အမည် Monarch ဖြစ်တဲ့ “One Outlook” app ဟာ Outlook ဝန်ဆောင်မှု ဗားရှင်းသစ်ဖြစ်ပြီး မျက်နှာပြင်ကြီးကြီးမားမားမှာ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

One Outlook app ဟာ Outlook (win 32 နဲ့ UWP) , Outlook Web Access (OWA) နဲ့ macOS desktop client နေရာ အစားထိုးသွားပြီး Microsoft account ရှိမှပဲ အသုံးပြုနိုင်ပါမယ်။ Microsoft ဟာ Outlook အွန်လိုင်းအသစ် ဝက်ဘ်ဗားရှင်းကိုလည်း လွှင့်တင်ထားပါတယ်။

Microsoft ဟာ Outlook ဝက်ဘ်ဗားရှင်းအခြေခံပြီး desktop app တစ်ခုတည်း တည်ဆောက်နေတာပါ။ ပေါက်ကြားထွက်လာတဲ့ app ကတော့ အစောပိုင်းအဆင့်မှာပဲ ရှိသေးပါတယ်။ Microsoft ဟာ စမ်းသပ်သုံးလိုသူတွေတွေအတွက် ဒီဇိုင်းထုတ်ထားပြီး offline mode တော့မပါသေးဘူးလို့ Microsoft က ဝန်ထမ်းတွေအပေါ် သတိပေးထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««