အွန်လိုင်းမှတစ်ဆင့် အစားအသောက် ပို့ဆောင်မှာယူနိုင်သည့် GrabFood ဝန်ဆောင်မှုကို မိတ်ဆက်

Grab အနေနဲ့ အွန်လိုင်းမှတစ်ဆင့် အစားအသောက် ပို့ဆောင်မှာယူနိုင်မယ့် GrabFood ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ စမ်းသပ်အဆင့်အနေနဲ့ စတင်မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

စားသုံးသူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနဲ့ အစားအသောက်ပို့ဆောင်သူများကို ချိတ်ဆက်ပေးထားတဲ့ ဝန်ဆောင်မှု အစုံပါဝင်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ကြောင်းနဲ့ ပူနွေးလတ်ဆတ်တဲ့အစားအစာတွေကို ခုနစ်ရက်ပတ်လုံး လိုရာပို့ဆောင်ပေးမှာဖြစ်ကြောင်း သိရပါတယ်။

အနည်းဆုံးမှာရမယ့် အရေအတွက် ကန့်သတ်ထားခြင်းမရှိသလို တစ်ယောက်စာ အရွယ်အစားမှ မိသားစုစားပွဲများအထိ အမှာစာကန့်သတ်ထားခြင်း မရှိဘဲ GrabFood မှ သက်သာတဲ့ ပို့ဆောင်ခနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့ သိရပါတယ်။ မိမိ လိုအပ်တဲ့အချိန် စိတ်ကြိုက်မှာယူနိုင်ပြီး GrabFood နဲ့ အမှာစာရယူခြင်း၊ အစားအသောက် ပြင်ဆင်ခြင်းနဲ့ မိမိဆီ လာရောက်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အက်ပလီကေးရှင်းမှာ မြေပုံကတစ်ဆင့် အချိန်နဲ့ တစ်ပြေးညီ ခြေရာခံနိုင်မှာဖြစ်ပါတယ်။

-ဝေဝေ