အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက် MYANMARKT.COM ကိုမိတ်ဆက်

ကုန်ပစ္စည်းများကို အခမဲ့ရောင်းနိုင်သလို ဝယ်ယူတဲ့အခါမှာလည်း ဝန်ဆောင်ခ ပေးချေရန် မလိုအပ်ဘဲ ဝယ်ယူနိုင်မယ့် အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက် MYANMARKT.COM ကို မိတ်ဆက်ခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အညီ လူတွေရဲ့လိုအပ်ချက်၊ ကုမ္ပဏီတွေရဲ့လိုအပ်ချက်ကလည်း များပြားလာပါတယ်။ ကျွန်မတို့တွေက လိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကိုရောင်းဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေရသလို လိုအပ်နေတဲ့အရာတွေကို ဝယ်ယူဖို့လည်း ရှာဖွေကြရပါတယ်။ အဲ့ဒါတွေက ဖိနပ်အသစ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဖုန်းတစ်လုံးလည်း ဖြစ်ချင်ဖြစ်မယ်။ ကားတစ်စီးလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့က နိုင်ငံရဲ့လိုအပ်နေတဲ့အရာတွေဖြစ်တဲ့ ရောင်းသူ၊ ဝယ်သူတွေကြား အခမဲ့အသုံးပြုလို့ရအောင် ချိတ်ဆက်ပေးနိုင်တဲ့ အွန်လိုင်းဈေးဝယ်တဲ့ ဈေးကွက်တစ်ခုဖွံ့ဖြိုးလာအောင် ကြိုးစားဖို့ဆုံးဖြတ်ခဲ့တာပါ။ ဆက်လက်ပြီး MYANMARKT.COM ကို ပိုပြီး အလွယ်တကူ၊ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်အောင် ကျွန်မတို့တွေ အမြဲကြိုးစားသွားမှာပါ” လို့ MYANMARKT.COM ၏ Chief Operating Officer ဖြစ်သူ ဒေါ်ကျော့စန္ဒီက ပြောပါတယ်။

ဒါ့အပြင် Portal ဘက်မှ မည်သည့် Product မှ ရောင်းချမှုမရှိခြင်း ၊ ကော်မရှင်ကြေး ပေးသွင်းစရာလိုတဲ့အပြင် ရောင်းသူနဲ့ ဝယ်သူကြား ဝင်ရောက်စွက်ဖက်မှုမရှိခြင်း စတဲ့ အားသာချက်တွေလည်းရှိတယ်လို့ သိရပါတယ်။ လုပ်ငန်းလုပ်ဆောင်တဲ့ ကြာချိန်မှာလည်း အချိန် (၂) မိနစ်နဲ့ အဆင့် (၃) ဆင့်သာ ကြာမြင့်မည် ဖြစ်ပြီး ပထမအဆင့်မှာ့ ကုန်ပစ္စည်းပုံကို Upload တင်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ကုန်ပစ္စည်းအချက်အလက်များ ဖြည့်သွင်းခြင်းနဲ့ တတိယအဆင့်တွင် ဆက်သွယ်ရမယ့် အချက်အလက် ဖြည့်ခြင်းတို့ဖြင့် ဝယ်ယူသူတွေထံရောက်ရှိမယ်လို့ သိရပါတယ်။

-အောင်သူ

အင်တာနက်ဂျာနယ်ရဲ့ သတင်းတွေကို Messenger Bot ကနေ ဖတ်ချင်တယ်ဆိုရင် 👉m.me/internetjournal👈 လင့်ခ်လေးကို တစ်ချက်နှိပ်လိုက်ရုံပါပဲ