အွန်လိုင်းငွေပေးချေမှုနဲ့ eCommerce အကြောင်းတွေ ဆွေးနွေးမယ့် အွန်လိုင်းဆွေးနွေးပွဲပြုလုပ်မည်

Myanmar Private Equity & Venture Capital Association ကနေ အွန်လိုင်းငွေပေးချေမှုနဲ့ eCommerce အကြောင်းတွေ ဆွေးနွေးမယ့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၁၇ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ via Zoom ကနေတစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ ပွဲအကြောင်း အသေးစိတ်နဲ့ Regstration ကို ယခုဖော်ပြပါ https://bit.ly/33sx36O လင့်ကနေတစ်ဆင့် ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုလုပ်ငန်း ကုမ္ပဏီနဲ့ ဒေသတွင်းက နာမည်ကျော် ငွေပေးချေမှု platform နှစ်မျိုးစလုံးကို ကြိုဆိုအားပေးနေမှုအပေါ် ဘယ်လိုအတွေ့အကြုံတွေ ခံစားရနိုင်သလဲ၊ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ငွေပေးချေမှု platform တွေက e-payment တိုးတက်မှုနဲ့ လူဦးရေ ၅၄ သန်းရှိတဲ့ နိုင်ငံဘဏ္ဍာရေးကို ဘယ်လောက် အတိုင်းအတာအထိ မြှင့်တင်ပေးမှာလဲ၊ အခုဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ရောဂါအတွင်း မြန်မာနိုင်ငံက e-commerce platform အသုံးပြုမှု မြင့်တက်လာအောင် ကုမ္ပဏီတွေက ဘယ်လိုဆောင်ရွက်မှာလဲ စတဲ့ မေးခွန်းရဲ့ အဖြေတွေအပြင် ဆက်စပ်မေးခွန်းတွေကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လုပ်ကိုင်နေကြတဲ့ ငွေပေးချေကုမ္ပဏီကြီးတွေကနေ ဆွေးနွေးဖြေကြားပေးမှာ ဖြစ်ပါတယ်။

အခမ်းအနားမှာ Panelists တွေအနေနဲ့ Aye Myat Khine @Amy, Deputy CEO cum COO, Ongo e-Money , Jazz, Marketing Manager, Internet Wallet Myanmar Limited (OK$), Pyay Nyein, Director, 2C2P, Zaw Lin Htut, CEO, Myanmar Payment Union (MPU) တို့ကပါဝင်မှာဖြစ်ပြီး Moderator အနေနဲ့ Ye Myat Min, Founder, Nexlabs က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

-အောင်သူ