အွန်လိုင်းဂိမ်း အရှုံးကြောင့် ကလေးချင်း ရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ မတ်ရာပရာဒတ်ရှ်ပြည်နယ် အင်ဒိုရီမြို့မှာ အွန်လိုင်းဂိမ်းမှာ မကြာခဏ အနိုင်ယူခံနေရတဲ့ ၁၁ နှစ် အရွယ် ကောင်လေးက ၁၀ နှစ်အရွယ်ရှိ ကောင်မလေးကို သတ်ခဲ့တယ်လို့ ဒေသတွင်းရဲတွေက ပြောခဲ့ပါတယ်။

ကောင်လေးက ကောင်မလေးကို ကျောက်တုံးနဲ့ ထုရိုက်သတ်ခဲ့တယ်လို့ သိရပါတယ်။

ကောင်မလေးက သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ပြောခဲ့ကြောင်း အထွေထွေလက်ထောက် စုံစမ်းစစ်ဆေးရေးမှူး အိတ်စီမီရှရာက ပြောခဲ့ပါတယ်။

“ကောင်မလေးဟာ မိုဘိုင်းဖုန်းဂိမ်းထဲမှာ ကောင်လေးကို မကြာခဏ အနိုင်ယူတာကြောင့် မုန်းတီးပြီး အငြိုးထားရှိတယ်” လို့ မစ္စတာမီရှရာက ပြောခဲ့ပါသေးတယ်။

အမှုကိစ္စပြီးဆုံးရင်တော့ လူသတ်မှုကျူးလွန်တဲ့ ကောင်လေးကို ကလေးပြုပြင်ရေးအိမ်ဂေဟာဆီ ပို့ဆောင်သွားမယ်လို့ မစ္စတာမီရှရာက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

-စိုးထက်
Ref: NDTV/ khaleejtimes

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««