အြန္လိုင္း အႏိုင္က်င့္မႈကုိ တိုက္ဖ်က္မယ့္ tool သစ္ကုိ Instagram ျဖန္႔ခ်ိ

[ Zawgyi ]

Instagram ဟာ အြန္လိုင္း အႏိုင္က်င့္မႈကုိ တုိက္ဖ်က္ဖို႔ tool သစ္ေတြကုိ ျဖန္႔ခ်ိၿပီး စမ္းသပ္ခဲ့ပါတယ္။

Facebook ကပုိင္ဆိုင္တဲ့ Instagram အေနနဲ႔ အႏိုင္က်င့္မႈကုိ တိုက္ဖ်က္ဖို႔ feature သစ္ေတြကို စမ္းသပ္ေနတယ္လို႔ Facebook ရဲ႕ F8 developer ကြန္ဖရင့္မွာ ဧၿပီလအတြင္း ထုတ္ျပန္ခဲ့ပါတယ္။ Instagram က စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ မွတ္ခ်က္ေတြကုိ တင္တဲ့အခါ သုံးစြဲသူေတြကုိ သတိေပးသြားမယ့္ AI အေထာက္အပံ့ feature ကုိ တရားဝင္ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။

သုံးစဲြသူတစ္ဦးက စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္စာသားကုိ ႐ိုက္လုိက္တဲ့အခါမွာ သတိေပးခ်က္တက္လာမွာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔အေနနဲ႔ Instagram မွာျဖစ္ေပၚေနတဲ့ အႏိုင္က်င့္မႈကုိ တားဆီးဖို႔ ပိုမိုလုပ္ေဆာင္ႏိုင္ပါတယ္။ အႏိုင္က်င့္ဖို႔ ပစ္မွတ္ထားခံရသူေတြ ကုိယ္တိုင္ရင္ဆိုင္ေတြ႕ႏိုင္ေအာင္ လုပ္ပုိင္ခြင့္ပိုမိုေပးႏိုင္တယ္” လို႔ Instagram အႀကီးအကဲ အဒမ္မိုဆာရီကေျပာခဲ့ပါတယ္။

ကုမၸဏီအေနနဲ႔ AI feature သစ္ကုိ စမ္းသပ္ေနၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ မွတ္ခ်က္ေတြကို မတင္မီ ေျပာင္းလဲဖို႔ လႈံ႕ေဆာ္ေပးမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Instagram အေနနဲ႔ အႏိုင္က်င့္တဲ့ မွတ္ခ်က္ေတြကို ေတြ႕ျမင္ရျခင္းကို အျခားသူေတြနဲ႔ သုံးစြဲသူကုိယ္တိုင္ မျမင္ေတြ႕ႏိုင္ေအာင္ျပဳလုပ္ေပးမယ့္ “Restrict” အမည္ရ tool သစ္ကုိလည္း စမ္းသပ္ေနပါတယ္။ အႏိုင္က်င့္တဲ့မွတ္ခ်က္ေတြ ကန္႔သတ္ခံရေၾကာင္း သတိေပးခ်က္မရရွိသလို direct meesage ေတြကို ဖတ္ထားတာကို မေတြ႕ရတာ ဒါမွမဟုတ္ active ျဖစ္တယ္ဆိုတာကိုလည္း ျမင္ရမွာ မဟုတ္ပါဘူး။

စိုးထက္
Ref: CNET

[ Unicode ]

Instagram ဟာ အွန်လိုင်း အနိုင်ကျင့်မှုကို တိုက်ဖျက်ဖို့ tool သစ်တွေကို ဖြန့်ချိပြီး စမ်းသပ်ခဲ့ပါတယ်။

Facebook ကပိုင်ဆိုင်တဲ့ Instagram အနေနဲ့ အနိုင်ကျင့်မှုကို တိုက်ဖျက်ဖို့ feature သစ်တွေကို စမ်းသပ်နေတယ်လို့ Facebook ရဲ့ F8 developer ကွန်ဖရင့်မှာ ဧပြီလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ Instagram က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မှတ်ချက်တွေကို တင်တဲ့အခါ သုံးစွဲသူတွေကို သတိပေးသွားမယ့် AI အထောက်အပံ့ feature ကို တရားဝင်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

သုံးစွဲသူတစ်ဦးက စိတ်အနှောင့်အယှက်ဖြစ်စေမယ့်စာသားကို ရိုက်လိုက်တဲ့အခါမှာ သတိပေးချက်တက်လာမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ Instagram မှာဖြစ်ပေါ်နေတဲ့ အနိုင်ကျင့်မှုကို တားဆီးဖို့ ပိုမိုလုပ်ဆောင်နိုင်ပါတယ်။ အနိုင်ကျင့်ဖို့ ပစ်မှတ်ထားခံရသူတွေ ကိုယ်တိုင်ရင်ဆိုင်တွေ့နိုင်အောင် လုပ်ပိုင်ခွင့်ပိုမိုပေးနိုင်တယ်” လို့ Instagram အကြီးအကဲ အဒမ်မိုဆာရီကပြောခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ AI feature သစ်ကို စမ်းသပ်နေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မှတ်ချက်တွေကို မတင်မီ ပြောင်းလဲဖို့ လှုံ့ဆော်ပေးမယ်လို့ သိရပါတယ်။
ဒါ့အပြင် Instagram အနေနဲ့ အနိုင်ကျင့်တဲ့ မှတ်ချက်တွေကို တွေ့မြင်ရခြင်းကို အခြားသူတွေနဲ့ သုံးစွဲသူကိုယ်တိုင် မမြင်တွေ့နိုင်အောင်ပြုလုပ်ပေးမယ့် “Restrict” အမည်ရ tool သစ်ကိုလည်း စမ်းသပ်နေပါတယ်။ အနိုင်ကျင့်တဲ့မှတ်ချက်တွေ ကန့်သတ်ခံရကြောင်း သတိပေးချက်မရရှိသလို direct meesage တွေကို ဖတ်ထားတာကို မတွေ့ရတာ ဒါမှမဟုတ် active ဖြစ်တယ်ဆိုတာကိုလည်း မြင်ရမှာ မဟုတ်ပါဘူး။

Ref: CNET