အြန္လိုင္းေဘးကင္းေရးအတြက္ Digiworld ဂိမ္းအသစ္ Telenor ေဆာင္ရြက္မည္

[ Zawgyi ]

ကေလးငယ္ေတြအေနနဲ႔ အြန္လိုင္းအသံုးျပဳရာမွာ ေဘးကင္းလံုၿခံဳမႈရွိေစဖို႔ Digiworld အမည္ရွိ ဂိမ္းအမ်ိဳးအစားသစ္ကို Telenor လုပ္ငန္းစုက လုပ္ေဆာင္မယ္လို႔ သိရပါတယ္။

အဲဒီဂိမ္းကို ကမာၻတစ္ဝန္းရွိ စာသင္ေက်ာင္းေတြ၊ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ မိဘေတြ အသံုးျပဳႏိုင္ဖို႔လုပ္ေဆာင္မွာျဖစ္ေၾကာင္း၊ အြန္လိုင္းတြင္ သင့္အေနႏွင့္ မည္သူကို ယံုၾကည္ႏိုင္မည္နည္း၊ သင့္မိတ္ေဆြတစ္ဦး၏ ဓာတ္ပံုအား လူမႈကြန္ရက္ေပၚတြင္ ခြင့္ျပဳခ်က္မရွိဘဲ တင္ခြင့္ရွိပါသလား၊ အေျပာင္အပ်က္ႏွင့္ ေစာ္ကားသည့္ မွတ္ခ်က္ေပးမႈ မည္သုိ႔ ကြာျခားပါသနည္း၊ အကူအညီ လိုအပ္သည့္ အခါတြင္ သင့္အား မည္သူမ်ားက ကူညီေပးႏိုင္မည္နည္းစတဲ့ အေၾကာင္းအရာေတြ ပါဝင္မယ္လို႔ သိရပါတယ္။

Telenor ရဲ႕ တရားဝင္အြန္လိုင္းစာမ်က္ႏွာျဖစ္တဲ့ telenor.com မွာ Digiworld ကို စတင္မိတ္ဆက္ခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီဂိမ္းကို ျမန္မာႏုိင္ငံအပါအဝင္ အာရွနဲ႔ ဥေရာပရွိ Telenor ေစ်းကြက္တိုင္းမွာ ေနရာေဒသနဲ႔ လိုက္ေလ်ာညီေထြမႈရွိေစဖို႔ ျပန္လည္ျပင္ဆင္ၿပီး ကေလးငယ္ေတြနဲ႔ လူငယ္ေတြ အသံုးျပဳႏိုင္ေစဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ကလေးငယ်တွေအနေနဲ့ အွန်လိုင်းအသုံးပြုရာမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့ Digiworld အမည်ရှိ ဂိမ်းအမျိုးအစားသစ်ကို Telenor လုပ်ငန်းစုက လုပ်ဆောင်မယ်လို့ သိရပါတယ်။

အဲဒီဂိမ်းကို ကမ္ဘာတစ်ဝန်းရှိ စာသင်ကျောင်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေ အသုံးပြုနိုင်ဖို့လုပ်ဆောင်မှာဖြစ်ကြောင်း၊ အွန်လိုင်းတွင် သင့်အနေနှင့် မည်သူကို ယုံကြည်နိုင်မည်နည်း၊ သင့်မိတ်ဆွေတစ်ဦး၏ ဓာတ်ပုံအား လူမှုကွန်ရက်ပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တင်ခွင့်ရှိပါသလား၊ အပြောင်အပျက်နှင့် စော်ကားသည့် မှတ်ချက်ပေးမှု မည်သို့ ကွာခြားပါသနည်း၊ အကူအညီ လိုအပ်သည့် အခါတွင် သင့်အား မည်သူများက ကူညီပေးနိုင်မည်နည်းစတဲ့ အကြောင်းအရာတွေ ပါဝင်မယ်လို့ သိရပါတယ်။

Telenor ရဲ့ တရားဝင်အွန်လိုင်းစာမျက်နှာဖြစ်တဲ့ telenor.com မှာ Digiworld ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီဂိမ်းကို မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ ဥရောပရှိ Telenor စျေးကွက်တိုင်းမှာ နေရာဒေသနဲ့ လိုက်လျောညီထွေမှုရှိစေဖို့ ပြန်လည်ပြင်ဆင်ပြီး ကလေးငယ်တွေနဲ့ လူငယ်တွေ အသုံးပြုနိုင်စေဖို့ စီစဉ်နေကြောင်း သိရပါတယ်။

-ထွန်းထွန်း