အြန္လိုင္းမွ အခြန္ေပးေဆာင္ျခင္း ၂၀၁၉ ေဖေဖာ္ဝါရီတြင္ စတင္မည္

[ Zawgyi ]

အြန္လိုင္းေပၚကေန အခြန္ေပးေဆာင္မယ့္ ေဆာင္ရြက္ခ်က္ကို ၂၀၁၉ ၊ ေဖေဖာ္ဝါရီမွာ စတင္မွာျဖစ္ေၾကာင္း သိရပါတယ္။

ေမ ၂၉ ရက္က ျပဳလုပ္ခဲ့တဲ့ ျပည္သူ႔အတြက္ ဒုတိယတစ္ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခဲ့မႈမ်ား သတင္းစာရွင္းလင္းပြဲ သတင္းထုတ္ျပန္ခ်က္ကေန သိရတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္နဲ႔ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန တို႔ ပူးေပါင္းၿပီး အဲဒီေဆာင္ရြက္ခ်က္ကို ေဆာင္ရြက္ေနတာျဖစ္ေၾကာင္း၊ အခြန္ထမ္းေတြအေနနဲ႔ မည္သည့္ဘဏ္ကေနမဆို ျမန္မာ့ စီးပြားေရးဘဏ္၊ ဘဏ္ခြဲေတြမွာရွိတဲ့ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန စာရင္းသို႔ CBN- NET System Customer Credit Transfer Function ကို အသံုးျပဳၿပီး အြန္လိုင္းမွ အခြန္ေပးေဆာင္တဲ့ အစီအစဥ္ကို စတင္ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယ ဥကၠဌ ဦးစိုးသိန္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

Retail Payment System ျဖစ္ေစေရးအတြက္ MPU Switch ကို Upgrade ျပဳလုပ္ကာ EMV Card Migration ေဆာင္ရြက္ႏိုင္ေရးနဲ႔ International Standard QR Code အသုံးျပဳမႈစနစ္ အေကာင္အထည္ေဖာ္ေရးအတြက္ မူဝါဒခ်မွတ္နိုင္ေရး ေဆာင္ရြက္လ်က္ ရွိေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။

-ထြန္းထြန္း

=============

[ Unicode ]

အွန်လိုင်းမှ အခွန်ပေးဆောင်ခြင်း ၂၀၁၉ ဖေဖော်ဝါရီတွင် စတင်မည်

=============

အွန်လိုင်းပေါ်ကနေ အခွန်ပေးဆောင်မယ့် ဆောင်ရွက်ချက်ကို ၂၀၁၉ ၊ ဖေဖော်ဝါရီမှာ စတင်မှာဖြစ်ကြောင်း သိရပါတယ်။

မေ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ သတင်းစာရှင်းလင်းပွဲ သတင်းထုတ်ပြန်ချက်ကနေ သိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာန တို့ ပူးပေါင်းပြီး အဲဒီဆောင်ရွက်ချက်ကို ဆောင်ရွက်နေတာဖြစ်ကြောင်း၊ အခွန်ထမ်းတွေအနေနဲ့ မည်သည့်ဘဏ်ကနေမဆို မြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲတွေမှာရှိတဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာန စာရင်းသို့ CBN- NET System Customer Credit Transfer Function ကို အသုံးပြုပြီး အွန်လိုင်းမှ အခွန်ပေးဆောင်တဲ့ အစီအစဉ်ကို စတင်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးသိန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Retail Payment System ဖြစ်စေရေးအတွက် MPU Switch ကို Upgrade ပြုလုပ်ကာ EMV Card Migration ဆောင်ရွက်နိုင်ရေးနဲ့ International Standard QR Code အသုံးပြုမှုစနစ် အကောင်အထည်ဖော်ရေးအတွက် မူဝါဒချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

-ထွန်းထွန်း