အြန္လိုင္းဒီဂ်စ္တယ္ ဝန္ေဆာင္မႈ Yoma Bank မိတ္ဆက္

Yoma ဘဏ္ရဲ႕ ဒီဂ်စ္တယ္ေငြေပးေခ်မႈျဖစ္တဲ့ Smart ဝန္ေဆာင္မႈကို မိတ္ဆက္ခဲ့ပါတယ္။

အသံုးျပဳဖို႔အတြက္ Smart အေကာင့္ကို ဖြင့္ဖို႔လိုကာ အြန္လိုင္းကေနတစ္ဆင့္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ေလွ်ာက္ထားၿပီးပါက MPU Debit Card ကိုရရွိမွာျဖစ္ကာ Yoma ဘဏ္ခြဲေတြမွာ ေန႔ခ်င္းၿပီးသြား ေရာက္ထုတ္ယူႏိုင္မွာ ျဖစ္ေၾကာင္းသိရပါတယ္။ Smart MPU Debit Card ကို Wave Money အေကာင့္ျဖင့္လည္း ခ်ိတ္ဆက္ႏိုင္မွာျဖစ္ေၾကာင္း၊ Wave နဲ႔ခ်ိတ္ဖို႔အတြက္ အခ်ိန္သံုးရက္ ၾကာျမင့္မွာျဖစ္ေၾကာင္း သိရပါတယ္။ “႐ိုးဘဏ္ခြဲေတြနဲ႔ အလွမ္းေဝးနတဲ့ Customer ေတြကို Smart ဝန္ေဆာင္မႈနဲ႔ ေပးႏိုင္ေအာင္ လုပ္တာျဖစ္ပါတယ္၊ Smart က တစ္ႏိုင္ငံလံုးမွာရွိတဲ့ MPU logo ပါတဲ့ ATM စက္ေတြနဲ႔ Wave ကိုယ္စားလွယ္ေတြမွာ ေငြထုတ္ႏိုင္ပါတယ္” လို႔ Yoma ဘဏ္ရဲ႕ Special Advisor to the Chairman and CEO ျဖစ္သူ Mr. Hal Bosher ကေျပာၾကား ခဲ့ပါတယ္။

အဲဒီ Smart အေကာင့္ကို ဒီေနရာက တစ္ဆင့္ေလွ်ာက္လႊာေဖာင္ ျဖည့္ရမွာျဖစ္ကာ ကိုယ္ေရးအခ်က္အလက္၊ မွတ္ပံုတင္မူရင္း ေရွ႕ေနာက္ ဓာတ္ပံုကိုေပးပို႔ရန္လိုေၾကာင္း၊ ပတ္စပို႔ဓာတ္ပံုအရြယ္ မိမိပံုကိုေပးပို႔ကာ Smart ဝန္ေဆာင္မႈကို ေလွ်ာက္ထားႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ Smart ဝန္ေဆာင္မႈ အသံုးျပဳသူအေနနဲ႔ ေငြေၾကးစီမံ ခန္႔ခြဲမႈေတြကို ဘဏ္သြားစရာမလိုဘဲ ေငြေၾကးစီမံခန္႔ခြဲမႈေတြကို မိမိစိတ္ႀကိဳက္လုပ္ႏိုင္ကာ MPU Debit Card နဲ႔ေငြထုတ္တာေတြအတြက္ ဝန္ေဆာင္ခေပးစရာမလိုေၾကာင္း သိရပါတယ္။ Smart အေကာင့္ကို Wave Account နဲ႔ခ်ိတ္ဆက္ကာ Wave Money ကိုယ္စားလွယ္ေပါင္း ၃၀,၀၀၀ ေက်ာ္မွာ ေငြသြင္းေငြထုတ္တာေတြ လုုပ္ႏိုင္မယ္လို႔ သိရပါတယ္။

-ေအာင္သက္ကို

[ Unicode]

Yoma ဘဏ်ရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုဖြစ်တဲ့ Smart ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။

အသုံးပြုဖို့အတွက် Smart အကောင့်ကို ဖွင့်ဖို့လိုကာ အွန်လိုင်းကနေတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားပြီးပါက MPU Debit Card ကိုရရှိမှာဖြစ်ကာ Yoma ဘဏ်ခွဲတွေမှာ နေ့ချင်းပြီးသွား ရောက်ထုတ်ယူနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ Smart MPU Debit Card ကို Wave Money အကောင့်ဖြင့်လည်း ချိတ်ဆက်နိုင်မှာဖြစ်ကြောင်း၊ Wave နဲ့ချိတ်ဖို့အတွက် အချိန်သုံးရက် ကြာမြင့်မှာဖြစ်ကြောင်း သိရပါတယ်။ “ရိုးဘဏ်ခွဲတွေနဲ့ အလှမ်းဝေးနတဲ့ Customer တွေကို Smart ဝန်ဆောင်မှုနဲ့ ပေးနိုင်အောင် လုပ်တာဖြစ်ပါတယ်၊ Smart က တစ်နိုင်ငံလုံးမှာရှိတဲ့ MPU logo ပါတဲ့ ATM စက်တွေနဲ့ Wave ကိုယ်စားလှယ်တွေမှာ ငွေထုတ်နိုင်ပါတယ်” လို့ Yoma ဘဏ်ရဲ့ Special Advisor to the Chairman and CEO ဖြစ်သူ Mr. Hal Bosher ကပြောကြား ခဲ့ပါတယ်။

အဲဒီ Smart အကောင့်ကို ဒီနေရာက တစ်ဆင့်လျှောက်လွှာဖောင် ဖြည့်ရမှာဖြစ်ကာ ကိုယ်ရေးအချက်အလက်၊ မှတ်ပုံတင်မူရင်း ရှေ့နောက် ဓာတ်ပုံကိုပေးပို့ရန်လိုကြောင်း၊ ပတ်စပို့ဓာတ်ပုံအရွယ် မိမိပုံကိုပေးပို့ကာ Smart ဝန်ဆောင်မှုကို လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Smart ဝန်ဆောင်မှု အသုံးပြုသူအနေနဲ့ ငွေကြေးစီမံ ခန့်ခွဲမှုတွေကို ဘဏ်သွားစရာမလိုဘဲ ငွေကြေးစီမံခန့်ခွဲမှုတွေကို မိမိစိတ်ကြိုက်လုပ်နိုင်ကာ MPU Debit Card နဲ့ငွေထုတ်တာတွေအတွက် ဝန်ဆောင်ခပေးစရာမလိုကြောင်း သိရပါတယ်။ Smart အကောင့်ကို Wave Account နဲ့ချိတ်ဆက်ကာ Wave Money ကိုယ်စားလှယ်ပေါင်း ၃၀,၀၀၀ ကျော်မှာ ငွေသွင်းငွေထုတ်တာတွေ လုုပ်နိုင်မယ်လို့ သိရပါတယ်။