အြန္လိုင္းစတိုးကေန Huawei laptop ကုိ Microsoft ဖယ္ရွားခဲ့

[ Zawgyi ]

Microsoft ရဲ႕စတိုးကေန Huawei ရဲ႕ MateBook X Pro ထုတ္ကုန္ကုိ ဖယ္ရွားလိုက္ပါတယ္။ Microsoft ဟာ တ႐ုတ္နည္းပညာကုမၸဏီေတြကုိ အေရးယူဖို႔ သမၼတထရမ့္ရဲ႕ အမိန္႔အာဏာသစ္ကို အေကာင္အထည္ေဖာ္လိုက္တဲ့ ကုမၸဏီတစ္ခုျဖစ္ပါတယ္။

Huawei ရဲ႕ MateBook X Pro ဟာ အေမရိကန္က အေကာင္းဆုံး Windows laptop ေတြထဲက တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ Windows ခြင့္ျပဳခ်က္လိုင္စင္ မရွိရင္ အဲဒီ laptop ဟာ မရွင္သန္ႏိုင္ပါဘူး။

Microsoft ရဲ႕အြန္လိုင္းစတိုး စာရင္းမွာ MateBook X Pro ထူးဆန္းစြာ ေပ်ာက္ဆုံးေနတာ ၁ ပတ္ေက်ာ္ရွိပါၿပီ။ ၿပီးခဲ့တဲ့အပတ္ရဲ႕ Google Cache အတြင္းမွာ MateBook X Pro ကိုေတြ႕ရွိႏိုင္ပါေသးတယ္။ Microsoft အေနနဲ႔ လက္က်န္ MateBook X Pro laptop ေတြကို ဆက္လက္ေရာင္းခ်ေနေသးတယ္လို႔ The Verge က ေဖာ္ျပခဲ့ပါတယ္။

Microsoft က Huawei အေပၚ Windows ပုိင္းနဲ႔ပတ္သက္ၿပီး ပိတ္ပင္လိုက္ရင္ Huawei ရဲ႕ဆာဗာကိစၥကုိ ထိခိုက္ႏိုင္ပါတယ္။ Microsoft နဲ႔ Huawei တို႔ဟာ Microsoft ခြင့္ျပဳခ်က္ရထားတဲ့ Huawei ဆာဗာေတြကို အသုံးျပဳၿပီး Microsoft ရဲ႕ Azure stack အတြက္ hybrid cloud အပုိင္းကုိ လုပ္ကုိင္ေနပါတယ္။ Intel နဲ႔ Qualcomm တို႔အေနနဲ႔ အေမရိကန္အစိုးရ အမိန္႔ကို လိုက္နာဖို႔ က်န္ပါေသးတယ္။ Huawei အေနနဲ႔ ကုိယ္ပုိင္ စမတ္ဖုန္း ပ႐ိုဆက္ဆာေတြနဲ႔ modem ေတြကုိ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ကုိင္ေနစဥ္မွာ Intel က Huawei laptop ေတြအတြက္ ဆာဗာခ်စ္ပ္ေတြနဲ႔ ပ႐ိုဆက္ဆာကေတြကုိ ေထာက္ပ့ံခဲ့ပါတယ္။ Huawei မွာ ခ်စ္ပ္ေတြ မ်ားစြာရွိေနတဲ့အတြက္ ပိတ္ပင္မႈကို ၃ လအထိ ႀကံ့ႀကံ့ခံႏိုင္တယ္လုိ႔ သတင္းက ေဖာ္ျပခဲ့ပါတယ္။

Huawei အေနနဲ႔ ႏွစ္အနည္းငယ္အတြင္း Windows နဲ႔ Android အစားထိုးမႈကုိ လုပ္ကိုင္ေနေပမယ့္ operating system ေတြကို ဘယ္ေလာက္ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ျပဳလုပ္ထားတယ္ဆုိတာ မသိေသးပါဘူး။

စိုးထက္
Ref: TheVerge

[ Unicode ]

Microsoft ရဲ့စတိုးကနေ Huawei ရဲ့ MateBook X Pro ထုတ်ကုန်ကို ဖယ်ရှားလိုက်ပါတယ်။ Microsoft ဟာ တရုတ်နည်းပညာကုမ္ပဏီတွေကို အရေးယူဖို့ သမ္မတထရမ့်ရဲ့ အမိန့်အာဏာသစ်ကို အကောင်အထည်ဖော်လိုက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

Huawei ရဲ့ MateBook X Pro ဟာ အမေရိကန်က အကောင်းဆုံး Windows laptop တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Windows ခွင့်ပြုချက်လိုင်စင် မရှိရင် အဲဒီ laptop ဟာ မရှင်သန်နိုင်ပါဘူး။

Microsoft ရဲ့အွန်လိုင်းစတိုး စာရင်းမှာ MateBook X Pro ထူးဆန်းစွာ ပျောက်ဆုံးနေတာ ၁ ပတ်ကျော်ရှိပါပြီ။ ပြီးခဲ့တဲ့အပတ်ရဲ့ Google Cache အတွင်းမှာ MateBook X Pro ကိုတွေ့ရှိနိုင်ပါသေးတယ်။ Microsoft အနေနဲ့ လက်ကျန် MateBook X Pro laptop တွေကို ဆက်လက်ရောင်းချနေသေးတယ်လို့ The Verge က ဖော်ပြခဲ့ပါတယ်။

Microsoft က Huawei အပေါ် Windows ပိုင်းနဲ့ပတ်သက်ပြီး ပိတ်ပင်လိုက်ရင် Huawei ရဲ့ဆာဗာကိစ္စကို ထိခိုက်နိုင်ပါတယ်။ Microsoft နဲ့ Huawei တို့ဟာ Microsoft ခွင့်ပြုချက်ရထားတဲ့ Huawei ဆာဗာတွေကို အသုံးပြုပြီး Microsoft ရဲ့ Azure stack အတွက် hybrid cloud အပိုင်းကို လုပ်ကိုင်နေပါတယ်။ Intel နဲ့ Qualcomm တို့အနေနဲ့ အမေရိကန်အစိုးရ အမိန့်ကို လိုက်နာဖို့ ကျန်ပါသေးတယ်။ Huawei အနေနဲ့ ကိုယ်ပိုင် စမတ်ဖုန်း ပရိုဆက်ဆာတွေနဲ့ modem တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်နေစဉ်မှာ Intel က Huawei laptop တွေအတွက် ဆာဗာချစ်ပ်တွေနဲ့ ပရိုဆက်ဆာကတွေကို ထောက်ပ့ံခဲ့ပါတယ်။ Huawei မှာ ချစ်ပ်တွေ များစွာရှိနေတဲ့အတွက် ပိတ်ပင်မှုကို ၃ လအထိ ကြံ့ကြံ့ခံနိုင်တယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။

Huawei အနေနဲ့ နှစ်အနည်းငယ်အတွင်း Windows နဲ့ Android အစားထိုးမှုကို လုပ်ကိုင်နေပေမယ့် operating system တွေကို ဘယ်လောက်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ထားတယ်ဆိုတာ မသိသေးပါဘူး။

Ref: TheVerge