အျမန္လမ္းမႀကီးတြင္ အီလက္ထေရာနစ္ ေငြေကာက္ခံေရးစနစ္ အသံုးျပဳမည္

[ Zawgyi ]

ရန္ကုန္ – မႏၱေလးအျမန္လမ္းမႀကီးေပၚက တိုးဂိတ္ေတြမွာ အီလက္ထေရာနစ္ ေငြေကာက္ခံ ေရးစနစ္(ETC) Electronic Toll Collection အသံုးျပဳဖို႔အတြက္ ျပည္သူ႔လႊတ္ေတာ္၊ ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရးႏွင့္ ေဆာက္လုပ္ေရးဆိုင္ရာေကာ္မတီ ဥကၠဌ ဦးတင္ေမာင္ဝင္းနဲ႔ ျမပန္ဝါကုမၸဏီအဖြဲ႔မွ Founder & CEO ဦးေအာင္ေဇာ္ႏွင့္အဖြဲ႔တို႔ ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

လမ္းအသံုးျပဳသူအမ်ားျပည္သူ ခရီးသြားလာေရး လြယ္ကူေခ်ာေမြ႔ေစဖို႔ ျဖစ္ေၾကာင္း၊ လမ္းေတြရဲ႕ေငြေကာက္ခံရရွိမႈ အေလအလြင့္ နည္းေစဖို႔နဲ႔ တိုးဂိတ္ေတြရဲ႕ေငြေကာက္ခံရရွိမႈေတြကို ပြင့္ လင္းျမင္သာစြာ အခ်ိန္နဲ႔တေျပးညီ သိရွိႏိုင္ဖို႔အတြက္ အဆိိုပါစနစ္ကို အသံုးျပဳဖို႔အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

အစိုးရရဲ႕ e-Government အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနမႈတို႔ကို အေထာက္အကူ ျပဳေစဖို႔ရည္ရြယ္ကာ အီလက္ထေရာနစ္ ေငြေကာက္ခံေရးစနစ္ အသံုးျပဳပံုအဆင့္ဆင့္ကို ႏွစ္ဦးႏွစ္ဖက္ ပြင့္လင္းစြာေဆြးေႏြးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်က တိုးဂိတ်တွေမှာ အီလက်ထရောနစ် ငွေကောက်ခံ ရေးစနစ်(ETC) Electronic Toll Collection အသုံးပြုဖို့အတွက် ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးတင်မောင်ဝင်းနဲ့ မြပန်ဝါကုမ္ပဏီအဖွဲ့မှ Founder & CEO ဦးအောင်ဇော်နှင့်အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

လမ်းအသုံးပြုသူအများပြည်သူ ခရီးသွားလာရေး လွယ်ကူချောမွေ့စေဖို့ ဖြစ်ကြောင်း၊ လမ်းတွေရဲ့ငွေကောက်ခံရရှိမှု အလေအလွင့် နည်းစေဖို့နဲ့ တိုးဂိတ်တွေရဲ့ငွေကောက်ခံရရှိမှုတွေကို ပွင့် လင်းမြင်သာစွာ အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် အဆိိုပါစနစ်ကို အသုံးပြုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အစိုးရရဲ့ e-Government အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို အထောက်အကူ ပြုစေဖို့ရည်ရွယ်ကာ အီလက်ထရောနစ် ငွေကောက်ခံရေးစနစ် အသုံးပြုပုံအဆင့်ဆင့်ကို နှစ်ဦးနှစ်ဖက် ပွင့်လင်းစွာဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

-အောင်သက်ကို