အျဖဴေရာင္ Google Pixel 3 XL ဓာတ္ပုံ ေပါက္ၾကားထြက္ေပၚ

[ Zawgyi ]

Google ဟာ လာမယ့္လ အနည္းငယ္အတြင္း Pixel 3 နဲ႔ Pixel XL 3 ကို မိတ္ဆက္ဖုိ႔ ရွိပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ Google ရဲ႕ အသစ္ထြက္ရွိမယ့္ ဟန္းဆက္နဲ႔ပတ္သက္ၿပီး ေပါက္ၾကားထြက္ေပၚမႈေတြကုိ ျမင္ေတြ႕လာရပါတယ္။

‘dr.guru’ အမည္ရသုံးစြဲသူတစ္ဦးဟာ XDA Developers ကတစ္ဆင့္ အျဖဴေရာင္ Google Pixel 3 XL ထုတ္ကုန္ရဲ႕ အရည္အေသြးျမင့္ ဓာတ္ပုံေတြကို ေဝမွ်ခဲ့ပါတယ္။

အဲဒီဓာတ္ပုံေတြဟာ Pixel 3 XL ‘Clearly White’ အမ်ိဳးအစားျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

အရင္ထြက္ရွိခဲ့တဲ့ သတင္းေတြအတိုင္းပဲ Google ရဲ႕အသစ္ထြက္ရွိမယ့္ phablet ထုတ္ကုန္ မ်က္ႏွာစာဘက္မွာ notch ပါဝင္ၿပီး ေရွ႕ဘက္ကင္မရာ ႏွစ္လုံးနဲ႔ ေအာက္ေျခမွာ စပီကာတို႔ပါဝင္လာပါတယ္။

ပုံထဲမွာပါဝင္တဲ့ Pixel 3 XL ရဲ႕ Fastboot screen အရ ထုတ္ကုန္မွာ RAM 4GB နဲ႔ onboard storage 64GB ပါဝင္လာပါတယ္။ ပုံထဲမွာပါဝင္တဲ့ Pixel XL 3 ကုိ Google က အေဝးကေန ပယ္ဖ်က္ထားတာေၾကာင့္ boot မလုပ္ႏိုင္ဘူးလို႔ dr.guru ကေျပာၾကားထားပါတယ္။

Pixel 3 XL ေက်ာဘက္မွာ Pixel ထုတ္ကုန္ေတြရဲ႕ အမွတ္လကၡဏာျဖစ္တဲ့ two-tone effect မပါဝင္ဘဲ အလင္းျပန္တဲ့ဖန္ထည္ကိုပဲ အသုံးျပဳထားပါတယ္။ ဒါေပမဲ့ အခုဟန္းဆက္ဟာ ေရွ႕ေျပးပုံစံျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ Google ရဲ႕စမတ္ဖုန္းေတြမွာ ႀကိဳးမဲ့အားသြင္းစနစ္လုပ္ေဆာင္ခ်က္ အသုံးျပဳႏိုင္မယ့္ Pixel Stand dock ထြက္ရွိလာမယ္လို႔ ေကာလာဟလသတင္း ထြက္ေပၚေနပါတယ္။ ဒါေၾကာင့္ Google အေနနဲ႔ Pixel 3 XL မွာ ႀကိဳးမဲ့အားသြင္းစနစ္အသုံးျပဳဖို႔ ေက်ာဘက္မွာ ဖန္ထည္ကုိ ထည့္သြင္းထားတာ ျဖစ္ႏိုင္ပါတယ္။

Google ဟာ Pixel စမတ္ဖုန္းသစ္ေတြကို ယခင္ Pixel ထုတ္ကုန္ေတြ မိတ္ဆက္ခဲ့တဲ့အခ်ိန္အတိုင္း ထုတ္ေဖာ္ျပသဖို႔ စီစဥ္ေနဖြယ္ ရွိပါတယ္။ ဒါေၾကာင့္ မ်ိဳးဆက္သစ္ Pixel စမတ္ဖုန္းေတြကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္ဝန္းက်င္မွာ ျမင္ေတြ႕ရဖို႔ရွိပါတယ္။

[foogallery id=”89473″]

စိုးထက္
Ref: TechRadar/XDA

[ Unicode ]

Google ဟာ လာမယ့်လ အနည်းငယ်အတွင်း Pixel 3 နဲ့ Pixel XL 3 ကို မိတ်ဆက်ဖို့ ရှိပါတယ်။ ဒါကြောင့် အခုဆိုရင် Google ရဲ့ အသစ်ထွက်ရှိမယ့် ဟန်းဆက်နဲ့ပတ်သက်ပြီး ပေါက်ကြားထွက်ပေါ်မှုတွေကို မြင်တွေ့လာရပါတယ်။

‘dr.guru’ အမည်ရသုံးစွဲသူတစ်ဦးဟာ XDA Developers ကတစ်ဆင့် အဖြူရောင် Google Pixel 3 XL ထုတ်ကုန်ရဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။

အဲဒီဓာတ်ပုံတွေဟာ Pixel 3 XL ‘Clearly White’ အမျိုးအစားဖြစ်တယ်လို့ ပြောကြားထားပါတယ်။

အရင်ထွက်ရှိခဲ့တဲ့ သတင်းတွေအတိုင်းပဲ Google ရဲ့အသစ်ထွက်ရှိမယ့် phablet ထုတ်ကုန် မျက်နှာစာဘက်မှာ notch ပါဝင်ပြီး ရှေ့ဘက်ကင်မရာ နှစ်လုံးနဲ့ အောက်ခြေမှာ စပီကာတို့ပါဝင်လာပါတယ်။

ပုံထဲမှာပါဝင်တဲ့ Pixel 3 XL ရဲ့ Fastboot screen အရ ထုတ်ကုန်မှာ RAM 4GB နဲ့ onboard storage 64GB ပါဝင်လာပါတယ်။ ပုံထဲမှာပါဝင်တဲ့ Pixel XL 3 ကို Google က အဝေးကနေ ပယ်ဖျက်ထားတာကြောင့် boot မလုပ်နိုင်ဘူးလို့ dr.guru ကပြောကြားထားပါတယ်။

Pixel 3 XL ကျောဘက်မှာ Pixel ထုတ်ကုန်တွေရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ two-tone effect မပါဝင်ဘဲ အလင်းပြန်တဲ့ဖန်ထည်ကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမဲ့ အခုဟန်းဆက်ဟာ ရှေ့ပြေးပုံစံဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Google ရဲ့စမတ်ဖုန်းတွေမှာ ကြိုးမဲ့အားသွင်းစနစ်လုပ်ဆောင်ချက် အသုံးပြုနိုင်မယ့် Pixel Stand dock ထွက်ရှိလာမယ်လို့ ကောလာဟလသတင်း ထွက်ပေါ်နေပါတယ်။ ဒါကြောင့် Google အနေနဲ့ Pixel 3 XL မှာ ကြိုးမဲ့အားသွင်းစနစ်အသုံးပြုဖို့ ကျောဘက်မှာ ဖန်ထည်ကို ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။

Google ဟာ Pixel စမတ်ဖုန်းသစ်တွေကို ယခင် Pixel ထုတ်ကုန်တွေ မိတ်ဆက်ခဲ့တဲ့အချိန်အတိုင်း ထုတ်ဖော်ပြသဖို့ စီစဉ်နေဖွယ် ရှိပါတယ်။ ဒါကြောင့် မျိုးဆက်သစ် Pixel စမတ်ဖုန်းတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်ဝန်းကျင်မှာ မြင်တွေ့ရဖို့ရှိပါတယ်။

[foogallery id=”89473″]

စိုးထက်
Ref: TechRadar/XDA