အေျခခံပညာအလယ္တန္းအဆင့္ ေအာင္ျမင္ထားသူမ်ားအတြက္ ဂေဟဆက္သင္တန္းအမွတ္စဥ္ (၈) ဖြင့္လွစ္မည္

[ Zawgyi ]

အေျခခံပညာအလယ္တန္း ေအာင္ျမင္ထားၿပီး အေျခခံအဂၤလိပ္စာ နားလည္သူေတြတက္ေရာက္ႏုိင္တဲ့ ဂေဟဆက္သင္တန္းအမွတ္စဥ္ (၈) သင္တန္းကုိ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၂၀ ရက္မွာ ဖြင့္လွစ္မယ္လုိ႔ သိရပါတယ္။

သင္တန္းကို ပညာေရး၀န္ႀကီးဌာနလက္ေအာက္ရွိ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနနဲ႔ တိုတယ္ျမန္မာေရနံႏွင့္ သဘာ၀ဓာတ္ေငြ႕လုပ္ငန္း (ရတနာစီမံကိန္း) တို႔ ပူးေပါင္းဖြင့္လွစ္တာျဖစ္ၿပီး ရတနာဂေဟဆက္နည္းပညာသင္တန္းေက်ာင္း (ေအာင္ဆန္း) ယခင္စက္ပစၥည္းျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္း ပညာသင္ေက်ာင္း (ေအာင္ဆန္း)၊ ေက်ာင္းဂိတ္မွတ္တိုင္အနီး၊ ေအာက္မဂၤလာဒံုလမ္းမႀကီး၊ စဥ့္ငူရပ္ကြက္၊ အင္းစိန္ၿမိဳ႕နယ္မွာ ဖြင့္လွစ္မွာပါ။

သင္တန္းကာလကေတာ့ ရက္သတၱပတ္ (၁၂) ပတ္ ၾကာျမင့္မွာျဖစ္ၿပီး သင္တန္းသား ၁၅ ဦးသာ လက္ခံသင္ၾကားမွာျဖစ္ပါတယ္။ ေလွ်ာက္ထားသူေတြဟာ အေျခခံပညာအလယ္တန္း ေအာင္ျမင္ထားၿပီး အေျခခံအဂၤလိပ္စာ နားလည္သူ၊ အက်င့္စာရိတၱေကာင္းမြန္ၿပီး လုပ္ငန္းခြင္နဲ႔သင့္ေတာ္တဲ့ က်န္းမာေရးရွိသူ၊ သင္တန္းတက္ခြင့္ရတဲ့ေန႔မွာ အသက္ ၁၈ ႏွစ္ျပည့္ၿပီး အသက္ ၃၅ ႏွစ္ထက္ မႀကီးသူေတြျဖစ္ရပါမယ္။

ရတနာဂေဟဆက္နည္းပညာသင္တန္းေက်ာင္းကို တက္ေရာက္ခြင့္ရသူေတြဟာ သင္တန္းေၾကးအခမဲ့ျဖစ္ၿပီး အသိအမွတ္ျပဳ ေအာင္လက္မွတ္ရ ထူးခြၽန္ေက်ာင္းသားေတြကို လက္ေတြ႕လုပ္ငန္းခြင္သင္တန္း (၄) လမွ (၆) လ အထိ တက္ေရာက္ႏုိင္ရန္ ကုမၸဏီမ်ားနဲ႔ ခ်ိတ္ဆက္ ေဆာင္ရြက္ေပးမွာပါ။ သင္တန္းကာလတစ္ေလွ်ာက္ သင့္ေလ်ာ္တဲ့ ေထာက္ပံ့ေၾကးေပးမွာျဖစ္ၿပီး သင္တန္းသားအတြက္လိုအပ္တဲ့ လုပ္ငန္းခြင္ေဘးအႏၲရာယ္ ကာကြယ္ေရး၀တ္စံု (Personal Protective Equipment) အတြက္ ကုန္က်စရိတ္ကို သင္တန္းသားမွ ကိုယ္တိုင္က်ခံရမွာပါ။

ေလွ်ာက္လႊာေတြကို ရတနာဂေဟဆက္နည္းပညာသင္တန္းေက်ာင္း (ေအာင္ဆန္း) မွာ ဇူလုိင္လ ၂၃ ရက္ မွစတင္ ရယူႏုိင္ၿပီး ၾသဂုတ္လ ၁၀ ရက္ ေနာက္ဆံုးထား ျပန္လည္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို ဖုန္း – ၀၉ ၇၇၇၃၈၇၃၆၉၊ ၀၉ ၄၂၆၁၄၉၆၁၉ ကို ဆက္သြယ္ေမးျမန္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

အခြေခံပညာအလယ်တန်း အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူတွေတက်ရောက်နိုင်တဲ့ ဂဟေဆက်သင်တန်းအမှတ်စဉ် (၈) သင်တန်းကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းကို ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနဲ့ တိုတယ်မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း) တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) ယခင်စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ပညာသင်ကျောင်း (အောင်ဆန်း)၊ ကျောင်းဂိတ်မှတ်တိုင်အနီး၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်မှာ ဖွင့်လှစ်မှာပါ။

သင်တန်းကာလကတော့ ရက်သတ္တပတ် (၁၂) ပတ် ကြာမြင့်မှာဖြစ်ပြီး သင်တန်းသား ၁၅ ဦးသာ လက်ခံသင်ကြားမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ အခြေခံပညာအလယ်တန်း အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နဲ့သင့်တော်တဲ့ ကျန်းမာရေးရှိသူ၊ သင်တန်းတက်ခွင့်ရတဲ့နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်ထက် မကြီးသူတွေဖြစ်ရပါမယ်။

ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်းကို တက်ရောက်ခွင့်ရသူတွေဟာ သင်တန်းကြေးအခမဲ့ဖြစ်ပြီး အသိအမှတ်ပြု အောင်လက်မှတ်ရ ထူးချွန်ကျောင်းသားတွေကို လက်တွေ့လုပ်ငန်းခွင်သင်တန်း (၄) လမှ (၆) လ အထိ တက်ရောက်နိုင်ရန် ကုမ္ပဏီများနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးမှာပါ။ သင်တန်းကာလတစ်လျှောက် သင့်လျော်တဲ့ ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး သင်တန်းသားအတွက်လိုအပ်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) အတွက် ကုန်ကျစရိတ်ကို သင်တန်းသားမှ ကိုယ်တိုင်ကျခံရမှာပါ။

လျှောက်လွှာတွေကို ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) မှာ ဇူလိုင်လ ၂၃ ရက် မှစတင် ရယူနိုင်ပြီး သြဂုတ်လ ၁၀ ရက် နောက်ဆုံးထား ပြန်လည် လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၉ ရ၇၇၃၈၇၃၆၉၊ ၀၉ ၄၂၆၁၄၉၆၁၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ