အောက်တိုဘာ ၈ ရက်မှာ ထွက်ရှိမယ့် Samsung Galaxy F41

ပြီးခဲ့တဲ့အပတ်က Samsung ဟာ Galaxy F စီးရီးဖုန်းတွေကို အမြည်းပြသခဲ့ပါတယ်။ Galaxy F41 ဖုန်းတွေကို အောက်တိုဘာ ၈ ရက်မှာ ထုတ်ဖော်မိတ်ဆက်မယ်လို့ သိရပါတယ်။

Samsung Galaxy F41 ဖုန်းရောင်းချမယ့် ကြော်ငြာစာမျက်နှာကို Flipkart မှာပြသထားပါတယ်။ ဖုန်းမှာ sAMOLED Infinity-U display ပါဝင်ပြီး ကျောဘက်ကင်မရာ ၃ လုံး၊ fingerprint reader နဲ့ 6,000mAh ဘက်ထရီတို့ ပါဝင်လာပါတယ်။

ဖုန်းမှာ စပီကာ ၂ လုံးပါဝင်ပြီး ကင်မရာတွေထဲမှာ ultrawide angle lens တစ်ခုလည်း ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««