အောက်တိုဘာ ၅ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချလိုက်သည့် ကင်မရာခြောက်လုံးပါ Vivo V17 Pro

Vivo မှ ကမ္ဘာ့ပထမဆုံး 32MP Dual Pop-up ရှေ့ကင်မရာနှင့် စုစုပေါင်းကင်မရာ (၆) လုံးပါ၀င်သော V17 Pro ကို ငွေကျပ် (၆၂၉,၈၀၀) ကျပ်ဖြင့် အောက်တိုဘာ (၅) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ ဖုန်းဆိုင်များ တွင် ၀ယ်ယူနိုင်ပြီဖြစ်သည်။ First sale ကာလတွင် ၀ယ်ယူအားပေးသည့် သုံးစွဲသူပရိသတ်များကို Vivo မှ Gift Box များပြန်လည်ပေးအပ်သွားပါမည်။

Vivo V17Pro မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး Vivo ၏ Brand Ambassadors များဖြစ်ကြသော ဝိုင်းစုခိုင်သိန်းနှင့် နေခြည်ဦးတို့အပြင် အခြားအနုပညာရှင်များစွာ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

Vivo V17 Pro စမတ်ဖုန်းသစ်၏ အဆင့်မြင့် 6.44 လက်မအရွယ် Full HD+ Super AMOLED Ultra Fullview မျက်နှာပြင်သည် 1080×2400 px ပုံထွက်နှုန်းရှိပြီး ဖုန်းကိုယ်ထည်နှင့် မျက်နှာပြင်အချိုးအစားမှာ ၉၁.၆၅ ရာခိုင်နှုန်းရှိကာ အရွယ်အစားကြီးသော်လည်း ပေါ့ပေါ့ပါးပါးကိုင်ဆောင်နိုင်သည့် ဖုန်းအမျိုးအစားဖြစ်သည်။ Vivo ဖုန်းအမျိုးအစားအားလုံးမှာ လူငယ်များနှင့်ကိုက်ညီသည့်ဒီဇိုင်း၊ နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြု ဖန်တီးထားခြင်းဖြစ်သည်။

ဖုန်း၏ ရှေ့ဖက်မျက်နှာပြင်သည် အဆင့်မြင့် Schott Xensation UP အကာအကွယ် နည်းပညာအသုံးပြု ဖန်တီးထားပြီး နောက်ဖက်မျက်နှာပြင်သည် 3D Curved Corning Gorilla Glass 6 ဖန်သားဖုံးအုပ်ထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှုဒဏ်ကို အထူးခံနိုင်စွမ်းရှိသည်။

Vivo V17 Pro တွင် တုန့်ပြန်မှုနှုန်းနှင့် မှတ်ဉာဏ်စွမ်းမြင့်မားသည့် Vivo ၏ မူပိုင်နည်းပညာသုံး မျက်နှာပြင် အောက်လက်ဗွေစနစ် (In-Display Finger Print) တပ်ဆင်ပေးထားသည်။ အတွင်းပိုင်းမှာတော့ Qualcomm Snapdragon 675 AIE Processor နှင့် RAM 8GB တို့ တပ်ဆင်ပေးထားသောကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အထူးကောင်းမွန်ပြီး Storage ပမာဏ 128 GB ထိ သိမ်းဆည်းနိုင်ပါမည်။

ဘက်ထရီကတော့ 4100mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် (18W Dual Engine Fast Charging) နှင့် USB Type C ကို အသုံးပြုထားပါသည်။ ဂိမ်းချစ်သူတွေအတွက်လည်း V17 Pro တွင် သီးသန့်ထုတ်လုပ်ထားသော Multi-Turbo နည်းပညာပါ၀င်သောကြောင့် ဂိမ်းကစားချိန် ဘယ်လောက်ကြာကြာ အဆင်ပြေစေမည်ဖြစ်သည်။ ထို့ကြောင့် အရည်အသွေးမြင့် နောက်ဆုံးပေါ် စမတ်ဖုန်း V17 Pro ကို မယုံနိုင် လောက်စရာစျေးနှုန်းဖြင့် Vivo ချစ်သူများ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဝယ်ယူနိုင်ပါပြီ။