အောက်တိုဘာ ၅ ရက် ထွက်ရှိမယ့် LG Wing

LG ရဲ့ ဒီဇိုင်းသစ် Wing ဖုန်းဟာ အောက်တိုဘာ ၅ ရက်မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ အတွင်းသတင်းအရ LG ဟာ ၂ ပတ်အတွင်း စက်တင်ဘာ ၂၅ ရက်မှာ ဖုန်းကို မိတ်ဆက်နိုင်ပါတယ်။

တချို့သတင်းတွေကတော့ LG ဟာ စက်တင်ဘာ ၁၄ ရက်မှာ ဖုန်းကို မိတ်ဆက်နိုင်တယ်လို့ ဖော်ပြကြပါတယ်။ သတင်းအချက်အလက်ဖော်ထုတ်တဲ့ Evan Blass ကလည်း LG Wing တရားဝင်ဓာတ်ပုံကို ဖြန့်ချိထားပါတယ်။

LG Wing ဖုန်းမှာ မျက်နှာပြင် ၆.၈ လက်မ display ပါဝင်ပြီး ဒုတိယမြောက်မျက်နှာပြင်ကတော့ စတုရန်းပုံသဏ္ဍာန်နဲ့ ၄ လက်မအရွယ် ရှိပါမယ်။ LG Wing မှာ Snapdragon 765G ကို RAM 8GB နဲ့တွဲဖက်ပေးထားပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၁,၆၀၀ လောက် ကျသင့်နိုင်ပါတယ်။

-စိုးထက်
Ref: GSMArena