အောက်တိုဘာ ၃၀ မှာ ထွက်ရှိမယ့် The Mandalorian ဒုတိယ season

ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ Star Wars စီးရီး The Mandalorian အပိုင်းသစ်တွေက အောက်တိုဘာ ၃၀ မှာ ထွက်ရှိမယ်လို့ Disney က ကြေညာခဲ့ပါတယ်။

The Mandalorian စီးရီး အပိုင်းသစ်တွေကို ပထမ season လိုပဲ တစ်ပတ် တစ်ပိုင်းစီ ဖြန့်ချိဖွယ်ရှိပါတယ်။ အခုအချိန်မှာ season အသစ်အတွက် ထွေလာ မထွက်သေးပါဘူး။ The Mandalorian ဟာ လပေါင်းများစွာကြာမှ Disney Plus မှာပြန်လည်ပြသတဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။ Marvel Studios ရဲ့ The Falcon and the Winter Soldier လိုမျိုး စီးရီးတွေကတော့ ကပ်ရောဂါကြောင့် ဖြစ်ပေါ်တဲ့ ထုတ်လုပ်မှုပြဿနာတွေကြောင့် နှောင့်နှေးခဲ့ရပါတယ်။

Disney စီအီးအို ဘော့ချတ်ပတ်ကလည်း လအနည်းငယ်က The Mandalorian အောက်တိုဘာလမှာ ထွက်မယ့်အကြောင်းကို အတည်ပြုခဲ့ပါသေးတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««