အောက်တိုဘာ ၂၂ ရက်မှာ မိတ်ဆက်မယ့် Huawei Mate 40

Huawei လူသုံးကုန်ထုတ်ကုန်လုပ်ငန်း စီအီးအိုနဲ့ Huawei အမှုဆောင်ဒါရိုက်တာ ရစ်ချတ်ယူကတော့ Mate 40 ဖုန်းတွေကိုတော့ အောက်တိုဘာ ၂၂ ရက်၊ အလယ်ဥရောပနေ့အချိန် ၁၄ နာရီ တိတိမှာ မိတ်ဆက်မယ်လို့ Weibo မှာတင်ခဲ့ပါတယ်။

ရစ်ချတ်ယူကတော့ မျက်လုံးကို ရိုက်ပြထားတဲ့ ဗီဒီယိုအတိုလေးကို မိတ်ဆက်သွားပါတယ်။ သဲလွန်စအရ Mate 40 မှာ telephoto နည်းပညာ ပါဝင်နိုင်ပါတယ်။ ပေါက်ကြားထွက်လာတဲ့ သတင်းတွေအရ Mate 40, Mate 40 Pro နဲ့ Mate 40 Pro+ ဆိုပြီး ၃ မျိုး ထွက်လာနိုင်ပါတယ်။ Mate 40 နဲ့ Mate 40 Pro ပုံတွေလည်း ပေါက်ကြားထွက်ပေါ်ထားပါတယ်။ Mate 40 Pro မှန်ထည် display ပေါ်မှာ dual-selfie punch hole ဒီဇိုင်း အသုံးပြုထားတာ တွေ့ရပါတယ်။

Mate 40 စီးရီးတွေမှာ Kirin 9000 chipset ပါဝင်လာနိုင်ပါတယ်။ အခု ထုတ်ကုန်ကတော့ 5G modem ပါဝင်တဲ့ Huawei အတွက် ပထမဆုံး 5nm ချစ်ပ်ဖြစ်လာနိုင်ပါတယ်။

Mate 40 မှာတော့ အဓိက ကင်မရာ 108MP နဲ့အတူ free-form 9P lens နဲ့အတူ 5x optical zoom နဲ့ ပယ်ရီစကုပ်အစိတ်အပိုင်းတစ်ခု ပါဝင်တယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် ultrawide နဲ့ ToF sensor လည်းပါဝင်နိုင်ပါတယ်။

-စိုးထက်
Ref: GSMArena