အောက်တိုဘာ ၂၂ ရက်မှာ စတင်ဖြန့်ချိမယ့် MIUI 11 Global Stable ROM

Xiaomi ဟာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ပွဲမှာ Redmi Note 8 နဲ့ Redmi Note 8 Pro ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် MIUI 11 Global Stable ROM ကို ကြေညာခဲ့သလို အိန္ဒိယအတွင်း Android skin နောက်ဆုံးပေါ်ဗားရှင်းရရှိမယ့် ထုတ်ကုန်စာရင်းကို ကြေညာခဲ့ပါတယ်။

Xiaomi ဟာ MIUI 11 Global Stable ROM ကို ထုတ်ကုန် ၂၈ ခု အတွက် ဖြန့်ချိမှာ ဖြစ်ကာ အောက်တိုဘာ ၂၂ ရက်မှာတော့ ပထမအသုတ် အဖြစ် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ MIUI 11 Global Stable ROM ရရှိမယ့် ဖုန်းတွေကိုတော့ အချိန်စာရင်းနဲ့တကွ အောက်မှာဖော်ပြလိုက်ပါတယ်။

ပထမအသုတ် (အောက်တိုဘာ ၂၂-၃၁)

Poco F1
Redmi K20
Redmi Y3
Redmi 7
Redmi Note 7
Redmi Note 7s
Redmi Note 7 Pro

ဒုတိယအသုတ် (နိုဝင်ဘာ ၄-၁၂)

Redmi K20 Pro
Redmi 6
Redmi 6 Pro
Redmi 6A
Redmi Note 5
Redmi Note 5 Pro
Redmi 5
Redmi 5A
Redmi Note 4
Redmi Y1
Redmi Y1 Lite
Redmi Y2
Redmi 4
Mi Mix 2
Mi Max 2

တတိယအသုတ် (နိုဝင်ဘာ ၁၃-၂၉)

Redmi Note 6 Pro
Redmi 7A
Redmi 8
Redmi 8A
Redmi Note 8

စတုတ္ထအသုတ် (ဒီဇင်ဘာ ၁၈-၂၆)

Redmi Note 8 Pro

လက်ရှိ စမ်းသပ်မှု အစီအစဉ်အပေါ် အခြေခံထားတဲ့အတွက် ဖြန့်ချိမယ့် အချိန်စာရင်း ကွာခြားမှုရှိနိုင်တယ်လို့ Xiaomi ကပြောထားပါတယ်။

စိုးထက်
Ref: GSMArena