အောက်တိုဘာ ၁၅ ရက်မှာ မိတ်ဆက်မယ့် Realme X2 Pro

Realme ဟာ အောက်တိုဘာ ၁၅ ရက်မှာ X2 Pro ကို တရားဝင် မိတ်ဆက်မယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ပွဲကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ X2 Pro ကို အာရှနဲ့ ဥရောပမှာ တစ်ပြိုင်နက်တည်း မိတ်ဆက်မယ်လို့ Realme ကပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း Realme X2 Pro ကို အာရှမှာ မိတ်ဆက်မယ့် သတင်းကို မတွေ့ရသေးပါဘူး။

Realme X2 Pro ဟာ ကုမ္ပဏီရဲ့ပထမဆုံး စစ်မှန်တဲ့ flagship ဖုန်းဖြစ်ပါတယ်။ X2 Pro မှာ Snapdragon 855+ SoC, 90Hz display နဲ့ 64MP အပါအဝင် ကင်မရာ ၄ လုံးနဲ့ telephoto lens တစ်ခု ပါဝင်လာပါတယ်။ ဒါ့အပြင် စမတ်ဖုန်းမှာ Dolby Atmos နဲ့အတူ စတီရီယိုစပီကာ ၂ လုံးနဲ့ 50W SuperVOOC အားသွင်းစနစ်တို့ ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena