အောက်တိုဘာ ၁၃ ရက်တွင် Apple iPhone 12 မိတ်ဆက်မယ်

Apple ဟာ စက်တင်ဘာလ “Time Flies” ပွဲမှာ Apple Watch နဲ့ iPad မော်ဒယ်တွေကို မိတ်ဆက်သွားပါတယ်။ အခုအခါမှာတော့ Apple က “Hi, Speed” အမည်ရ iPhone သစ်မိတ်ဆက်မယ့်ပွဲ ထပ်မံ ပြုလုပ်ပါမယ်။ အောက်တိုဘာ ၁၃ ရက်နေ့ ပစိဖိတ်အချိန် နံနက် ၁၀ နာရီမှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပွဲကိုတော့ virtual format ပုံစံနဲ့ပဲ ပြုလုပ်ပါမယ်။

https://www.apple.com/apple-events/ ဒီလင့်ကနေ ပွဲတိုက်ရိုက်ထုတ်လွှင့်ပြသသွားပါမယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုက Apple ရဲ့ဌာနချုပ်ကနေ ထုတ်လွှင့်ပါမယ်။ Apple ကတော့ ဒီနှစ်အတွင်း မိတ်ဆက်မယ့် နောက်ဆုံးပေါ်ဖုန်းမှာ 5G ကိုအသုံးပြုလာဖွယ် ရှိပါတယ်။ ပြိုင်ဘက် Samsung ကတော့ 5G ထုတ်ကုန်တွေကို အစောဆုံး မိတ်ဆက်ထုတ်လုပ်၊ ဖြန့်ချိထားခဲ့ပါတယ်။

Apple ဟာ အသစ်မိတ်ဆက်မယ့် iPhone 12 ထဲက iPhone 12 mini ထုတ်ကုန်ကိုတော့ ၆၄၉ ဒေါ်လာနဲ့ စတင် ရောင်းမယ်လို့သိပါတယ်။ Apple အနေနဲ့ iPhone 12 စီးရီးဖုန်းတွေမှာ မြန်နှုန်းမြင့် မီလီမီတာလှိုင်း 5G စွမ်းဆောင်ရည်ကို အသုံးပြုထားဖွယ် ရှိပါတယ်။ ဒါ့အပြင် ဖုန်းတွေမှာ A14 Bionic ပရိုဆက်ဆာနဲ့ ဓာတ်ပုံ app တွေအပြင် augmented reality အတွက် lidar depth sensor လည်းပါဝင်လာနိုင်ပါတယ်။

iPhone 12 ကိုတော့ အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်အပြီး အောက်တိုဘာ ၁၆ ရက်မှာ မှာယူနိုင်ဖွယ်ရှိပါတယ်။ အောက်တိုဘာ ၂၃ ရက်မှပဲ စတင်ရောင်းချမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

-စိုးထက်
Ref: VentureBeat

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««