အောက်တိုဘာ ၁၃ မှာထွက်ရှိမယ့် Realme Q2 စီးရီးစမတ်ဖုန်း

Realme ဟာ Q2 စီးရီး စမတ်ဖုန်းတွေကို အောက်တိုဘာ ၁၃ ရက်မှာ မိတ်ဆက်မယ်လို့ weibo ကတစ်ဆင့် တရားဝင် ကြောညာလိုက်ပါတယ်။ မိတ်ဆက်ပွဲကိုတော့ တရုတ်ပြည်မှာ နံနက် ၁၀ နာရီ (UTC နံနက် ၂ နာရီ) ပြုလုပ်မယ်လို့ ဖော်ပြထားပါတယ်။

Q2 စီးရီးတွေထဲမှာ Q2 နဲ့ Q2 Pro ပါဝင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ Realme ကမထုတ်ပြန်သေးပါဘူး။ Q2 ဖုန်းတွေမှာ Android 11 အခြေခံ Realme UI 2.0 ပါဝင်မယ်လို့ သိရပါတယ်။

Realme Q2 မှာတော့ အဓိက ကင်မရာ 48MP နဲ့ ကျောဘက်မှာ သားရေပါဝင်တယ်လို့ သတင်းထွက်နေပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««