အေလးခ်ိန္ ခ်ိန္ညိႇႏိုင္ၿပီး 16,000 dpi sensor ပါဝင္တဲ့ gaming mouse တစ္မ်ိဳးကို Gigabyte မိတ္ဆက္

[ Zawgyi ]

Gigabyte ဟာ ဇြန္လကက်င္းပခဲ့တဲ့ Computex မွာ ပထမဆုံး ျပသခဲ့တဲ့ Aorus M5 gaming mouse သစ္တစ္မ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ အဲဒီ gaming mouse ရဲ႕အထူးျခားဆုံး feature ကေတာ့ အေလးခ်ိန္ ထည့္သြင္းတဲ့စနစ္ ျဖစ္ပါတယ္။ သုံးစြဲသူရဲ႕ လိုအပ္တဲ့ျမန္ႏႈန္း ဒါမွမဟုတ္ တိက်မႈအေပၚမူတည္ၿပီး ထုတ္ကုန္တစ္ခုလုံးရဲ႕ ဗဟိုခ်က္ဆြဲငင္အားကို ခ်ိန္ညိႇႏိုင္ဖို႔အတြက္ အေလးျပားအစုံလိုက္ ပါဝင္လာပါတယ္။

ထုတ္ကုန္မွာ စုစုေပါင္း အေလးျပား ၅ ခုအထိပါဝင္ၿပီး အေလးခ်ိန္တစ္ခုခ်င္းစီရဲ႕ ပုံသ႑ာန္က Batman လိုဂိုနဲ႔ဆင္ပါတယ္။ အဲဒီအေလးျပား ၄ ခုကို optical sensor ပတ္ပတ္လည္မွာ စတုရန္းပုံစံထည့္သြင္းထားၿပီး က်န္အေလးျပားတစ္ခုကို ေအာက္ဘက္မွာ ထည့္သြင္းႏိုင္ပါေသးတယ္။ Gigabyte ထုတ္ကုန္ရဲ႕ စုစုေပါင္း အေလးခ်ိန္က ၁၁၈ ဂရမ္ (mouse အေလးခ်ိန္သက္သက္) ကေန ၁၃၀.၅ ဂရမ္ (အေလးျပား ၅ ခု ထည့္သြင္းထား) အထိရွိပါတယ္။

“အေလးခ်ိန္ထိန္းညိႇမႈကို ေတာ္လွန္ေျပာင္းလဲတဲ့စနစ္က သုံးစြဲသူေတြကုိ ဟန္ခ်က္ညီေအာင္ ခ်ိန္ညႇိခြင့္ေပးၿပီး ထိန္းခ်ဳပ္မႈနဲ႔ ေျပာင္းလြယ္ျပင္လြယ္မႈကို အဆုံးစြန္ျပဳလုပ္ဖုိ႔ optima mouse အေလးျပားေတြ ပါဝင္လာပါတယ္” လို႔ Gigabyte ကေျပာၾကားခဲ့ပါတယ္။

Gigabyte ရဲ႕ Aorus M5 gaming mouse ဟာ အသစ္တစ္ခု မဟုတ္ပါဘူး။ ထုတ္ကုန္ဒီဇိုင္းနဲ႔ အေလးခ်ိန္ထည့္သြင္းတဲ့ စနစ္ပုံစံက Logitech ရဲ႕ G502 Proteus Spectrum နဲ႔ဆင္ပါတယ္။ အဲဒီ gaming mouse ဟာ နာမည္ေက်ာ္ gaming mouse တစ္မ်ိဳး ျဖစ္ပါတယ္။ G502 အေလးခ်ိန္က အေလးမပါဝင္ရင္ ၁၂၁ ဂရမ္ရွိၿပီ အေလးပါဝင္တဲ့အခါမွာ ၁၆၈ ဂရမ္အထိရွိလာပါတယ္။

Aorus M5 မွာ Pixart 3389 optical sensor ပါဝင္ၿပီး 50 dpi ႏွစ္ဆ 16,000 dpi အထိ ခ်ိန္ညိႇႏိုင္ပါတယ္။ ဒါ့အျပင္ အဓိက ခလုတ္ႏွစ္ခုေပၚမွာ Omron ခလုတ္ switch ေတြပါဝင္ၿပီး click သန္း ၅၀ အထိ ႏွိပ္ႏိုင္ပါတယ္။ Mouse မွာ စုစုေပါင္း scroll wheel အပါအဝင္ ခလုတ္ ၇ ခု ပါဝင္လာပါတယ္။

Aorus M5 မွာ software ကတစ္ဆင့္ စိတ္ႀကိဳက္ျပင္ဆင္ႏိုင္တဲ့ RGB lighting, surface calibration အျပင္ mouse မွာ setting ေတြကို သိမ္းဆည္းဖို႔ onboard memory ပါဝင္လာပါတယ္။ Gigabyte အေနနဲ႔ Aorus M5 ကိုေရာင္းခ်မယ့္ရက္စြဲနဲ႔ ေဈးႏႈန္းကိုေတာ့ မထုတ္ျပန္ေသးပါဘူး။

စိုးထက္
Ref: PCGamer

[ Unicode ]

Gigabyte ဟာ ဇွန်လကကျင်းပခဲ့တဲ့ Computex မှာ ပထမဆုံး ပြသခဲ့တဲ့ Aorus M5 gaming mouse သစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ gaming mouse ရဲ့အထူးခြားဆုံး feature ကတော့ အလေးချိန် ထည့်သွင်းတဲ့စနစ် ဖြစ်ပါတယ်။ သုံးစွဲသူရဲ့ လိုအပ်တဲ့မြန်နှုန်း ဒါမှမဟုတ် တိကျမှုအပေါ်မူတည်ပြီး ထုတ်ကုန်တစ်ခုလုံးရဲ့ ဗဟိုချက်ဆွဲငင်အားကို ချိန်ညှိနိုင်ဖို့အတွက် အလေးပြားအစုံလိုက် ပါဝင်လာပါတယ်။

ထုတ်ကုန်မှာ စုစုပေါင်း အလေးပြား ၅ ခုအထိပါဝင်ပြီး အလေးချိန်တစ်ခုချင်းစီရဲ့ ပုံသဏ္ဍာန်က Batman လိုဂိုနဲ့ဆင်ပါတယ်။ အဲဒီအလေးပြား ၄ ခုကို optical sensor ပတ်ပတ်လည်မှာ စတုရန်းပုံစံထည့်သွင်းထားပြီး ကျန်အလေးပြားတစ်ခုကို အောက်ဘက်မှာ ထည့်သွင်းနိုင်ပါသေးတယ်။ Gigabyte ထုတ်ကုန်ရဲ့ စုစုပေါင်း အလေးချိန်က ၁၁၈ ဂရမ် (mouse အလေးချိန်သက်သက်) ကနေ ၁၃၀.၅ ဂရမ် (အလေးပြား ၅ ခု ထည့်သွင်းထား) အထိရှိပါတယ်။

“အလေးချိန်ထိန်းညှိမှုကို တော်လှန်ပြောင်းလဲတဲ့စနစ်က သုံးစွဲသူတွေကို ဟန်ချက်ညီအောင် ချိန်ညှိခွင့်ပေးပြီး ထိန်းချုပ်မှုနဲ့ ပြောင်းလွယ်ပြင်လွယ်မှုကို အဆုံးစွန်ပြုလုပ်ဖို့ optima mouse အလေးပြားတွေ ပါဝင်လာပါတယ်” လို့ Gigabyte ကပြောကြားခဲ့ပါတယ်။

Gigabyte ရဲ့ Aorus M5 gaming mouse ဟာ အသစ်တစ်ခု မဟုတ်ပါဘူး။ ထုတ်ကုန်ဒီဇိုင်းနဲ့ အလေးချိန်ထည့်သွင်းတဲ့ စနစ်ပုံစံက Logitech ရဲ့ G502 Proteus Spectrum နဲ့ဆင်ပါတယ်။ အဲဒီ gaming mouse ဟာ နာမည်ကျော် gaming mouse တစ်မျိုး ဖြစ်ပါတယ်။ G502 အလေးချိန်က အလေးမပါဝင်ရင် ၁၂၁ ဂရမ်ရှိပြီ အလေးပါဝင်တဲ့အခါမှာ ၁၆၈ ဂရမ်အထိရှိလာပါတယ်။

Aorus M5 မှာ Pixart 3389 optical sensor ပါဝင်ပြီး 50 dpi နှစ်ဆ 16,000 dpi အထိ ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် အဓိက ခလုတ်နှစ်ခုပေါ်မှာ Omron ခလုတ် switch တွေပါဝင်ပြီး click သန်း ၅၀ အထိ နှိပ်နိုင်ပါတယ်။ Mouse မှာ စုစုပေါင်း scroll wheel အပါအဝင် ခလုတ် ရ ခု ပါဝင်လာပါတယ်။

Aorus M5 မှာ software ကတစ်ဆင့် စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ RGB lighting, surface calibration အပြင် mouse မှာ setting တွေကို သိမ်းဆည်းဖို့ onboard memory ပါဝင်လာပါတယ်။ Gigabyte အနေနဲ့ Aorus M5 ကိုရောင်းချမယ့်ရက်စွဲနဲ့ ဈေးနှုန်းကိုတော့ မထုတ်ပြန်သေးပါဘူး။

Ref: PCGamer