အမေရိကန်နိုင်ငံရှိ Salisbury University တွင် Medical Laboratory Science ဘာသာရပ်ကိုသွားရောက်သင်ကြားမည့် မရတနာသန်းနိုင်၏ Student Life

အမေရိကန်နိုင်ငံရှိ Salisbury University တွင် Medical Laboratory Science ဘာသာရပ်ကို Connecnt University မှ တစ်ဆင့်သွားရောက် သင်ကြားမည့် မရတနာသန်းနိုင်ရဲ့ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

အမည်နဲ့လက်ရှိရခဲ့တဲ့ ဘွဲ့အကြောင်းကိုလည်း မိတ်ဆက်ပေးပါဦး။

ညီမနာမည်က ရတနာသန်းနိုင်ပါ။ ညီမက University of Medical Technology က ဘွဲ့ရခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်ဖို့ကို Connecnt University မှာ တက်ရောက်ဖြစ်ခဲ့ ပုံကိုပြောပြပေးပါအုံး။

ဘွဲ့ရပြီးတော့ ညီမ နိုင်ငံခြားမှာ Master’s Degree ဆက်တက်ဖြစ်ဖို့ ပြင်ဆင်ခဲ့တယ်။ နိုင်ငံခြားမှာ Master’s ဆက်တက်ဖို့ စိတ်ကူးခဲ့ပေမယ့် ညီမက Graduate Course တွေကို တိုက်ရိုက်ချိတ်ဆက်လို့မရဘဲ Under-graduate Course တွေ ပြန်တက်ဖို့ပဲပြောတယ်။ နောက်တော့ Connect University Facebook Post ကိုတွေ့ပြီး Connect မှာလာစုံစမ်းရင်း Public
Speaking Club တွေ ဝင်ချိတ်ဆက်ဖြစ်သွားတယ်။ အဲဒီ Public Speaking Club ဆွေးနွေးတဲ့ အကြောင်းအရာတွေပြီးတော့ Connect မှာတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ Connect University ကနေ American University ကို တိုက်ရိုက်တက်ခွင့် ရတာကြောင့်လည်း ပါပါတယ်။

သင်ကြားရတဲ့ သင်ခန်းစာတွေက လက်တွေ့မှာဘယ်လို အသုံးဝင်လဲ။

Connect University မှာ စုစုပေါင်းဘာသာ (၂၂) ဘာသာသင်ရတယ်။ General Education Courses အနေနဲ့ပေါ့။ အားလုံးကသူ့နေရာနဲ့သူ အကျိုးရှိပြီး အသုံးဝင်ကြတယ်။ အရင်တုန်းကဆို Facebook ပေါ်မှာတင်တဲ့ post ကိုယုံကြည်မိတယ်။ နောက်ပိုင်း Critical Thinking ဆိုတဲ့ ဘာသာရပ်ကိုသင်ပြီး အကုန်လုံး ဘယ်ဟာအမှန်နဲ့ ဘယ်ဟာက သတင်းအမှားဆိုတာကို ခွဲခြားတတ်လာတယ်။ တချို့ဘာသာရပ်တွေဆို ကမ္ဘာ့သယံဇာတ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုတန်ဖိုးထားရမလဲ သိလာစေတယ်။ တချို့ဘာသာရပ်ဆို လူအချင်းချင်း ဘယ်လိုနားလည်မှု တည်ဆောက်ကြမလဲဆိုတဲ့ အကြောင်းအရာတွေပါ သိရှိလာရတော့ ဘာသာရပ် (၂၂) ရပ်လုံးက သူ့နေရာနဲ့သူ စိတ်ဝင်စားဖို့ကောင်းပြီး လက်တွေ့နဲ့ဆက်စပ်မှု ရှိနေတယ်လို့ ထင်မိတယ်။

အမေရိကန်မှာပညာသွားသင်ဖို့အတွက် Connect University ကနေ ဘယ်လိုအကျိုးကျေးဇူးတွေကို ရခဲ့ပါသလဲ။

အကျိုးကျေးဇူးအားဖြင့်တော့ နှစ်ခုရနိုင်တယ်လို့ ထင်ပါတယ်။ တစ်ခုက Practical Benefit ပါ။ အဲဒါကတော့ ဒီမှာ 1 term တက်တာနဲ့
အမေရိကားမှာ 1 term တက်တာနဲ့ ယှဉ်ကြည့်ရင် Connect မှာတက်တာက အများကြီးပိုသက်သာတယ်။ ပြီးတော့ မိဘနေအိမ်မှာပဲ နေရတော့ နေထိုင်စရိတ်လည်းမကုန်တော့ ပိုသက်သာတယ်။ နောက်အကျိုးကျေးဇူးကတော့ ကျောင်းသားအများစုက ဆယ်ကျော်သက်ဆိုတော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်ကြတာများတယ်။ မိဘအုပ်ထိန်းမှု အောက်မှာဆိုတော့ ပိုကောင်းတယ်။ Connect မှာ တက်တဲ့နှစ်နှစ်အတွင်း ပညာရေးပိုင်းကော တခြား Abilities တွေပါ တိုးတက်အောင်လုပ်ပေးတော့ အမေရိကန်သွားမယ့် အချိန်လောက်ဆို အားလုံးအဆင်သင့်ဖြစ်ပြီး ဟိုမှာပိုအဆင်ပြေလောက်မယ် ထင်တယ်။ အမေရိကန်နိုင်ငံနဲ့ အရည်အသွေးတူပြီး Benefit ပိုကောင်းတယ်။ ညီမအတွက်ကတော့ အခုကတည်းက အကျိုးရနေပြီ။ ဒီမှာက 22 subjects သင်ရတော့ နယ်ပယ်အများစုကို အခြေခံတွေလေ့လာဖြစ်တယ်။ ပြီးတော့ လူရောစိတ်ရော အကုန်လုံး ပြောင်းလဲသွားတယ်လို့ ကိုယ့်ကိုယ်ကိုမြင်မိတယ်။ သဘာဝပတ်ဝန်းကျင်အကြောင်းတွေ Technology အကြောင်းတွေ အားလုံးအစုံလေ့လာဖြစ်တော့ သူများတွေနဲ့လည်းယှဉ်ပြီး စကားပြောရဲလာတယ်။ အတွေးတွေလည်း ပိုပြီးကျယ်ပြန့်လာတယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်တယ်။ Self confidence လည်း ပိုပြီးရှိလာတယ်။ အနာဂတ်အတွက်လည်း ယုံကြည်မှု ရှိလာခဲ့တယ်။

Connect University မှာ တက်ရောက်နေတဲ့ အချိန်အတွင်းရရှိခဲ့တဲ့ အတွ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။

ပညာရေးပိုင်းကတော့ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့ စာသင်ကြားပုံခြင်း ကွာခြားတယ်။ အရင်ကဆို နားလည်လည်၊ မလည်လည် ကျက်မှတ်ဖြေပေါ့။ Connect မှာက သေချာစဉ်းစားနားလည်အောင် လုပ်ရတယ်။ အရင်တုန်းကဆို ပြဋ္ဌာန်းစာအုပ်ထဲက အကြောင်းအရာတွေအပြင် မသိဘူး။ လေ့လည်းမလေ့လာဖြစ်ဘူး။ Connect မှာက အပြင်စာအုပ် အရမ်းဖတ်ရတယ်။ ကိုယ့်ကိုယ်ကို တိုးတက်မှုရှိတယ်လို့ မြင်လာတယ်။ စာတစ်ခုပဲလုပ်ရတာ မဟုတ်တော့ ကျောင်းသားတွေက အရမ်းတက်ကြွနေတယ်။  ပြင်ပလှုပ်ရှားတွေက ကိုယ့်ရဲ့စာပြင်ပစိတ်ဝင်စားစရာတွေကို တိုးတက်အောင် လုပ်ပေးတယ်။ ပန်းချီ၊ အက၊ ဟင်းချက်တာတွေ၊ ရုပ်ရှင်ကို စိတ်ဝင်စားတဲ့အဖွဲ့မှာပါ ပါဝင်လို့ရတော့ စာကောကိုယ်ဝါသနာ ပါရာနှစ်ခုလုံး လုပ်ခွင့်ရတယ်။ Field Trips တွေထဲ သွားရတော့ သူငယ်ချင်းအချင်းချင်း ရိုင်းပင်းကူညီစာနာမှုတွေ တိုးတက်လာတယ်။ ခုလိုမျိုး ပျော်ရွှင်ရတဲ့ အတွေ့အကြုံအပြင် စာမေးပွဲရက်တွေထဲမှာဆိုရင် စိန်ခေါ်မှုကိုဖြစ်တဲ့ အတွေ့အကြုံကိုရရှိပါတယ်။

ပြည်ပမှာပညာသွားသင်မယ့်လူငယ်တွေအတွက် အကြံပြုပြောပြပေးပါအုံး။

ပြည်ပမှာပညာသွားသင်မယ့် လူငယ်တွေအနေနဲ့ ကိုယ်သွားသင်မယ့် နိုင်ငံအကြောင်းကို အသေးစိတ်သိရှိဖို့တော့ လိုအပ်တယ်။ ကိုယ်
ကျောင်းသွားမတက်ခင် ဒီကပြင်ဆင်သင့်တာတွေ ဥပမာ- ကိုယ်သွားရောက်တက်မယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အဓိက အင်္ဂလိပ်စာကို လေ့လာသွားစေချင်ပါတယ်။ ကိုယ်ရည်မှန်းချက်ကို ရောက်အောင်လျှောက်လှမ်းပါ။ ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲပညာကို ကြိုးစားသင်ယူပါလို့ ပြောချင်ပါတယ်။

-ဝေဝေ